တတ် နှင့် တက် သို့မဟုတ် မြန်မာစာမှန်အောင်ရေးတတ်သူ နည်းသွားပြီ

1. The Money Drop Myanmar ရဲ့ အစီအစဉ်တခုမှာ TV ကနေကြည့်တာ အဖြေလေးခုပေးပြီး တခုရွေးရတာဆရာ။ ကျနော်က မတ်တတ်ရပ်လို့ ဖြေတာကို အဲဒီအစီအစဉ်က computer operator ပဲ မှားဖြေသလား မသိပါ။ သူတို့က မတ်တပ်ရပ်ကို အမှန်ဖြေပြတော့ တော်တော်အံ့သြသွားတယ်ဆရာ။ ကျနော်လဲ မမှားနိုင်ဘူးဆိုတာ ကိုယ့်ကိုယ်ကို သိတယ်ဆရာ။ ခုလိုဆရာပြောပြတော့ ပိုသေချာသွားတာပေါ့။ (မတ်တတ်ရပ်က အမှန်။)
2. ဆုံးမစာတခုမှာ စေတနာအမှားကြောင့် ဝေဒနာဖြစ်သွားတက်သည်လို့ ရေးတာဖတ်ရတယ်။ (ဖြစ်သွားတတ်သည် လို့ ရေးရတယ်။)
3. ဆရာ (တက်) နဲ့ (တတ်) ကဘယ်နေရာမှာ ဘယ်ဟာကိုသုံးသလဲ ကွဲကွဲပြားပြားမသိလို့ပါဆရာ။ တခါက ဆရာမတယောက် ပြောဖူးတယ် အမြင့်ကို တက်တာကလွဲလို့ကျန်တဲ့ တတ်ကိုပဲ သုံးတယ်ဆို ဟုတ်ပါသလားဆရာ။
4. ဆရာ တခုလောက်မေးပါရစေ။ အတက်ပညာလို့ သုံးသလား၊ အတတ်ပညာလို့ သုံးသလားဆရာ။ (အတတ်ပညာက အမှန်။)
5. ဆရာ မတ်တတ်ရပ် နဲ့ မတ်တပ်ရပ် ဘယ်ဟာကမှန်ပါသလဲ။ (မတ်တတ်ရပ်က အမှန်။)
6. ဆရာ အတက်ပညာလို့ သုံးသလား၊ အတတ်ပညာလို့ သုံးသလားဆရာ။ (အတတ်ပညာက အမှန်။)
7. ဆရာ အတက်နိုင်ဆုံးကိုရေးမယ်ဆို အတက်လား၊ အတတ်လား။ မသိတာ မတက်တာဆိုရင်ရော တက်လား၊ ကက်လား၊ ခဏခဏမှားလို့။ (အတတ်နိုင်ဆုံး၊ မတတ်တာက အမှန်။)
8. ဆရာရှင့် သမီးအသက် ၃၈ နှစ်ပါ။ ဒုတိယကိုယ်ဝန် ၁၅ ပတ်မှာ သွေးဆင်းပါတယ်ဆရာ။ ultrasound ရိုက်တော့ ကလေးနှလုံးခုန်တယ် အချင်းလည်း ပုံမှန်လို့တော့ ပြောပါတယ်ဆရာ။ သွေးကတော့ တညနေဘဲဆင်ပြီး မဆင်းတော့ပါဘူးဆရာ။ စိုးရိမ်ရလား။ ဘာဖြစ်တက်လဲဆိုတာ သိချင်ပါတယ်ဆရာ။ (ဘာဖြစ်တတ်လဲလို့ ရေးရတယ်။)
9. ဆရာသေခြာစွာဖတ်ပါတယ် မသုံးတက်လို့ပါခင်ဗျာ (မသုံးတတ်။ ပို့စ်တင်ထားတယ်။ သေချာလို့ ရေးရတယ်။)
10. တက် နဲ့ တတ် လည်း အများအားဖြင့် မှားကြတယ် ဆရာ။ ဆရာအချိန် ပေးနိုင်ရင် တင်ပေးစေချင်လို့ပါ။
11. ပညာတက်လား၊ ပညာတတ်လား၊ ပြောပြပါရှင့်။ (ပညာတတ်က အမှန်။)
12. ဘလော့ကိုဝင်မကြည့်တက်လို့ပါဆရာ (မကြည့်တတ်)
13. ဝင်ကြည့်တက်သွားပါပြီ။ ကျေးဇူးတင်ပါတယ်ဆရာ။
14. သမီး မကြည့်တက်လို့ပါဆရာ ညွန်ပြပါနော်။ ကူးစက်ရောဂါဆိုတာ ရောဂါနာမည်လား၊ ကူးစက်စေတက်သောလား။ ဘလော့ကို ဝင်မကြည့်တက်လို့ပါဆရာ။ ဝင်ကြည့်တက်သွားပါပြီ။ (မကြည့်တတ်၊ ကူးစက်စေတတ်သော၊ ဝင်ကြည့်တတ်လို့ ရေးရတယ်။)
15. သမီး အသက် ၂၇ ပါ အရပ် ၅ ပေ၃ လက်မရှိပြီး ပေါင် ၁၀၂ရှိပါတယ် အကြောအရမ်းတက်တတ်ပြီး နေ့ရက်တိုင်း ဘာမှ မလုပ်ချင်သလိုဖြစ်ပြီး ပင်ပန်းနေသလိုခံစားရပါတယ်ဆရာ အစားလည်းပုံမှန်စားပြီး အိပ်တာတော့ တခါတလေ နောက်ကျတတ်ပါတယ်ဆရာ ကွန်ပြူတာလည်းနေ့စဉ်သုံးရပါတယ်ဆရာ တခါတလေတော့ အပြင်တွေပတ်ရလို့ မသုံးရပါဘူးဆရာ သမီးအလုပ်က Marketing အလုပ်ပါဆရာ မျက်မှန်က power 100 နဲ့ 70 ရှိပါတယ် အကျင့်ပါမှာစိုးလို့ လိုအပ်မှပဲ တက်ပါတယ်ရှင် အဲ့လိုမျိုးရောလုပ်လို့ရလားဆရာ စိတ်ပိုင်းဆိုင်ရာနဲ့ရော ဆိုင်ပါသလားရှင်
16. မွေးပြီးနာရီဝက်ဆို ကလေးက အချိုဓာက် ကျတက်တယ်လို့ စာထဲမှာဖတ်ရလို့ပါဆရာ အဒါလေး ဖြေပေးစေချင်ပါတယ်ရှင့်။ (ကျတက်တယ် မဟုတ်။ ကျတတ်တယ်တယ်လို့ ရေးရ။ ကျတက်တယ်ဆိုတာ တက်လိုက် ကျလိုက်။)
17. သွေးကတော့ တညနေဘဲဆင်ပြီး မဆင်းတော့ပါဘူးဆရာ။ ဘာဖြစ်တက်လဲဆိုတာ သိချင်ပါတယ်ဆရာ။

တတ်
တတ်ကျွမ်းအောင် လေ့လာသင်ယူပါ
တတ်စွမ်းသလောက်တော့ လုပ်ပါ
တတ်တိုင်း မကြွားသင့်
တတ်တိုင်းပညာပြနေသည်
တတ်ပွန်
တတ်သိလိမ္မာ
တတ်ယောင်ကားမလုပ်ပါနှင့်
တတ်မြောက်ပြီ
တတ်နိုင်သလောက်လှူပါ
တတ်နိုင်သော
ပညာတတ်
ပုတတ်ကောင်
ဖွတ်ပတတ်
ကြည့်တတ် မကြည့်တတ်
မတတ်နိုင်
မတ်တတ်ရပ်
မပြီးတတ်သေး
ဖြစ်ကတတ်ဆန်း
ဖြစ်တတ် ပျက်တတ်
လုပ်တတ် ကိုက်တတ်
လုပ်တတ် မလုပ်တတ်
သမားဟူးရားအတတ်
အတတ်ပညာ ရှာမှီးပါ
အတတ်ပညာ ရှာမှီးပါ။
အနောတတ်ရေအိုင်
အဲတာလိုအမှားမျိုးက ဖြစ်တတ်တယ်
ကောင်းအောင် လုပ်တတ်သလား
ဆေးပညာအတတ်
ပြောတတ်ဆိုတတ်
သေလုမတတ်

တက်
တက္ကတွန်း
တက္ကသိုလ်
တက်ကစီနဲ့သွားမယ်
တက်ကျမ်း လေ့လာသူ
တက်ခပ်သည်
တက်ညီလက်ညီ
တက်တက်စင်လွဲနေတယ်
တက်တူးထိုးသည်
တက်မ
တက်သည် ဆင်းသည်
တက်သုတ်ရိုက်မလုပ်ပါနှင့်
တက်ခေတ်နတ်ဆိုး ဖတ်ဖူးလား
တက်ခေါက်သည်
တနှစ်တတန်း တက်တဲ့ကျောင်းသား
မတုန်တက်သေး
လူ့သက်တမ်း
အစိုးရသစ် တက်လာပြီ
အတက် (ဝက်ရူးပြန်) ရောဂါ
ကျော်တက်သည်
ဒေါသဖြင့် တက်ခေါက်သည်
နောက်ထုတ်စာအုပ်တွေမှာ သတ်ပုံတွေ တက်တက်စင် လွဲမှားနေတယ်
လှေတက် တစုံယူခဲ့ပါ

ယာဉ်
ဆင်ယာဉ် (စီးစရာဆင်)
ယာဉ်ထိန်းရဲ
မြင်းယာဉ် (စီးစရာမြင်း)
ရထားယာဉ်
လှည်းယာဉ် (စီးစရာလှည်း)
မော်တော်ယာဉ်
လေယာဉ်ပျံ
လှေယာဉ်
ဝေါယာဉ်
နွားယာဉ်

ယဉ်
ယဉ်စွန်းတန်း
ယဉ်ပါး
ယဉ်ပိုက်
ယဉ်မင်းရုပ်
ယဉ်လွန်ဆင်
ယဉ်သွား (ရက်ကန်း)
ယဉ်ကျေးသည်၊ ယဉ်ကျေးမှု
ယဉ်ထွေးဧရာ
ယဉ်အောင်ပြုသည်
ရက်ကန်းယင်သွား
လက်မယဉ် = လက်ဆော့သူ
လင်းယဉ်တိုင်
ဥတ္တရယဉ်
ယောင်ယင်ငှက်
ရေယင်မျှော်ရွာ
အေးယဉ်ကျူး

ယျာဉ်
ပန်းဥယျာဉ်
ခြံဥယျာဉ်
ဥယျာဉ်

အဲလိုအမှားမျိုးက အမြန်ရေးရလို့ မဟုတ်။ ကီးဘုတ်ကြောင့် မဟုတ်။ ခေတ်ဆန်အောင်ရေးတာ မဟုတ်။ မြန်မာစာကို အလေးထားမှုနည်းလို့နဲ့ မြန်မာစာကို မှန်အောင်သင်ပေးနိုင်တဲ့ ဆရာဆရာမတွေ နည်းလို့ဖြစ်ပါတယ်။

ပုံပို့ပေးသူ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး