သားချော့သံ

မိုးပေါ်မှာ တိမ်တလိပ်
ချောင်းထိပ်က ထလို့ပျံ
ကွင်းဘက်ကို ဆန်။
တိမ်ထဲက ညံ၊ ဘာသံတဲ့လေး။
ငှက်မိုးဆွေ သားကောင်ဖောက်တယ်
မိုးသောက်ယံတေး။

ဇော်ဂျီ ကဗျာပေါင်းချုပ်ထဲ (၁၉၉၁) ထဲက ကဗျာတပုဒ် ပို့ပေးသူ ကျေးဇူး။ ကျွန်တော်ဆီမှာလည်း ရှိတယ်။ ဆရာဇော်ဂျီထက် ကဗျာတော်သူတွေက တတွေကို တစ်လုပ် ထုတ်ဝေရောင်းစားထားတဲ့စာအုပ်။ ၁၉၉၈ က ထုတ်တာ။

မလုပ်ကောင်းတာတွေ လုပ်နေကြတဲ့နိုင်ငံမှာ အရုပ်ဆိုးတဲ့မြန်မာစာ သားကောင်ဖောက်တာ ၁၉၉၁ က စတယ်။ တိမ်တလိပ်ကို တိမ်တလိပ်လို့ မရေးစေတော့ပါ။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး