ပန်းပင်

အမည် မသိ။ ဆန်းလှပါဘိ။ အထက်မှာ ပြာလဲ့လဲ့ ပန်းခရန်းရောင် အပွင့်၊ အောက်ခြေမှာ ဖြူဖြူဖွေးဖွေး ခပ်သေးသေး အပွင့်။ နီစွေးစွေး အဖူးလေးက ထွက်နေသေး။ အရွက်တွေကလည်း အမျိုးမတူတာတွေနဲ့။

အမည်က လှသည် မဟုတ်။ အမြင်သည် လှ၏။ အမည်က ဆန်းသည်မဟုတ်။ အသွင်က ဆန်း၏။ ပန်းဖြစ်ပါ၏။

ဝေါဟာရနိုင်ငံရေး၊ စကားလုံးနိုင်ငံရေး၊ အရောင်အသွေးနိုင်ငံရေးမှသည် ပန်းကို ပန်းလိုမြင်တဲ့နိုင်ငံရေး ဖြစ်လာပါစေသတည်း။

ပန်းလို လှကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး