တသွေးတသံတမိန့် ရေးနည်း

အရေအတွက်ဆို တစ် က အမှန်ဆိုဆရာ ဟုတ်ပါသလား ဆရာတယောက်ကိုမေးကြည့်လိုက်တာ

ရေတွက်လို့ရတာကို တစ်ဆိုတာ ထွင်လုံးသာဖြစ်တယ်။ ကျွန်တော့်မြန်မာစာဆရာ ဆရာမတွေကတော့ အဲလို မသင်ပါ။ မသင်ပါကြောင်းလည်း အကြိမ်ပေါင်းများစွာရေး၊ သက်သေပေါင်းများစွာပေးထားပြီးပါပြီ။

မြန်မာစာမှာ ဖေါ်မြူလာ ခေါ် ပုံသေနည်းနဲ့ သင်ပေးရေးသား ဟောပြောနေတာတွေတိုင်းဟာ နေရာတိုင်းမှာ အသုံးကျတာ မဟုတ်ပါ။

(၁) မ နောက် ဘဲ လိုက်။
မြန်မာအဘိဓာန်မှာ -
ပဲ
၁။ (အပြော) ရည်ညွန်းသောပုဒ်ကို လေးနက်စေသော စကားလုံး၊ (လူပဲ)၊ (နတ်ပဲ)၊
၂။ ကြိယာ၏အနက်ကို ကန့်သတ်လိုရာ၌သုံးသည်။ စားရုံပဲ စားသည်။

ဘဲ = ကြိယာ၏အနက်ကို တားမြစ်လိုရာ၌သုံးသည်။ မသွားဘဲ၊ မလာဘဲ။

ကဝိဓဇသတ်ပုံကျမ်း
ပဲ (ပဲး) = ပဲကြီးဟင်း၊ ပဲကြော်၊ ပဲလှော်၊ ပဲစဉ်းခုန်၊ ပဲချဉ်ပေါင်၊ ပဲစောင်းလျှား၊ ပဲပိစပ်၊ ပဲတီချဉ်၊ ပဲလင်းမြွေသီး၊ ပဲပုစွန်၊ စားတော်ပဲ၊ ဗိုလ်စားပဲ၊ မြေပဲ၊ ပဲစိမ်းစားဥ၊ ဝမ်းပဲငှက်၊ တပဲလေးရွေး၊ မပြောပဲ၊ မဆိုပဲ၊ မလာပဲ၊ မလုပ်ပဲ၊

ဘဲ (ဘဲး) = ဘဲဥ၊ ဘဲသား၊ ဘဲငန်း၊ ဝမ်းဘဲဟင်္သာ၊ မသွားဘဲ၊ မလာဘဲ၊ မလုပ်မကိုင်ဘဲ၊ မခေါ်ဘဲ၊ သနခါးဘဲကျားရိုက်၊

(၂) ခင်ငူဂေါဒေါပုံဝ။
ပဲခူးရွှေမော်ဓေါစေတီက ကျောက်စာနဲ့ ဆိုင်းဘုတ်တွေကိုဖတ်ပါ။ ခေါင်းလောင်းမှာလည်း စာတွေရှိတယ်။

(၃) ရေတွက်လို့ရရင် တစ်။
ပိုက်ဆံဆိုတာ ရေတွက်စရာမဟုတ်ပါလား။ ၁၊ ၁ဝ၊ ၁ဝဝ ဆိုတာ ဂဏန်း (သင်္ချာ) မဟုတ်ပါလား။ တကျပ်တန်၊ တဆယ်တန်၊ တရာကျပ်တန် ပိုက်ဆံစက္ကူပုံတွေကို ခဏခဏတင်ပြထားပြီးပြီ။

မူကွဲစာလုံးတွေကို ပြစ်ပယ်ပြီး တသွေးတသံတမိန့် ရေးနည်း မမှန်ပါ။ သမတ နဲ့ သမ္မတ၊ ပဌမ နဲ့ ပထမ၊ ဒါး နဲ့ ဓါး၊ မုံ့ နဲ့ မုန့်၊ ကစွန်း နဲ့ ကန်စွန်း၊ ငပိ နဲ့ ငါးပိ၊ ယက္ကန်း နဲ့ ရက်ကန်း၊ ကျမ္မာ နဲ့ ကျန်းမာ၊ ချင်း နဲ့ ဂျင်း၊ သံပုရာ နဲ့ သံပရာ၊ ဘိတ်ကြားနဲ့ ဖိတ်ကြား၊ ကချေသည်နဲ့ ကခြေသည်၊ လက်ဖက် နဲ့ လ္ဘက်၊ မြမ္မာ နဲ့ မြန်မာ။

တစ် အသုံးမှန်များ

ဆင်ပြောင်ကြီး အမြီးမှတစ်၊
တစ်၊ နှစ်၊ သုံး၊
တစ်ငှက်၊
တစ်ဆို့၊
တစ်တစ်ခွခွ၊
တစ်တစ်ရစ်ရစ်၊
တစ်တရားခံ၊
တစ်တီတူး၊ (တီတီတူးငှက် ယခင်သတ်ပုံစာအုပ်)၊
တစ်ရှူး (ဆဲလ် အစုအဝေး)၊
တစ်ရှူး (သန့်ရှင်းရေးသုံး စက္ကူ)၊
တစ်လစ်၊
တစ်နှစ် စာကိုချစ်
တစ္ဆေမှင်စာ၊
ပြူတစ်၊
ရင်ထဲမှာတော့ တစ်ဆို့ဆို့၊
သားငါး တုံးတစ်သည်၊
သားတစ် ငါးတစ်၊
အဆင့်တစ်ရသည်။

တ နှင့် တစ် https://doctortintswe.blogspot.com/2017/08/blog-post_86.html

ဗမာ နဲ့ မြန်မာ မူကွဲမဟုတ်။ အတူတူသုံးနိုင်တယ်။ အရင်ကဗမာလို့ရေးထားတာတိုင်းကို မြန်မာလို့ အစားမထိုးရ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး