ပုတီးကို စက်နဲ့စိပ်သလိုပဲ

လက်နဲ့စာမရေးအားသူတွေ အရုပ်တွေလည်း မပို့ကြစေလိုပါ။

ဟုတ်ကဲ့ပါ ဆရာရှင့် မသိလို့ပါ တောင်းပန်ပါတယ် သမီးက ရိုသေလေးစားလို့ပါ

တနေ့တနေ့ အဲလိုအရုပ်တွေ ဟိုဒ်လုပ်ရာ ၂၀-၃၀ ရှိတယ်။ အချိန်ကုန်တယ်။

တချို့အရုပ်တွေက ငိုတာလား ရယ်တာလား မသိ။ တချို့အရုပ်တွေကို တယောက်လာလည်းဒါ။ ထပ်ချည်းတလဲ။ GIF အရုပ်တွေ အဆိုးဆုံး။

လက်နဲ့ ကောင်းတယ် ဆိုးတယ်ရေးတာက တန်ဖိုးရှိတယ်။ အင်တာနက်လမ်းပေါ်က ကောက်ယူလာတာတွေက ပုတီးကို စက်နဲ့စိပ်သလိုပဲ။

ဒေါက်တာတင့်ဆွေ
၂၆-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး