Final Part (I) နောက်ဆုံးနှစ် အပိုင်း (က)

လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) တိတိ ၁၉၇၀ ခုနှစ်က အခုလိုနွေရာသီမှာ မန္တလေးဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (က) ကျောင်းသူ ကျောင်းသားတွေ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ လက်တွေ့ကွင်းဆင်းလေ့လာရေး သွားကြပါတယ်။ မောင်တင့်ဆွေနဲ့ သူငယ်ချင်းတွေက ဘုတလင်မှာ တာဝန်ကျတယ်။

စာရင်းပို့ပေးတဲ့သူငယ်ချင်းနဲ့ ဆေးမန်းကသူငယ်ချင်းတွေအကုန် နေကောင်းကြပါစေ။



Roll No. 68

ဆေးကျောင်းသား မော်ကွန်းထိန်းက ပြောတယ်။ ၁၉၆၅ မှာ ဆေးကျောင်းအတူတက်သူ ၉၉ ယောက်၊ ယောက်ျားလေး ၇၀ နဲ့ မိန်းကလေး ၂၉ ယောက်တဲ့။

ဆေးကျောင်းသားသူကြီးက ပြောတယ်။ မရှိတော့တာ ၂၁ ယောက်တဲ့။ အားလုံးက ယောက်ျားလေးတွေတဲ့။

အဲဒါက အညာဆေးကျောင်းသားသူကြီး။ အောက်ဆေးကျောင်းသားသူကြီးလည်းရှိတယ်။ တမြန်နှစ်က အလည်ပြန်တော့ ရန်ကုန်မှာ သူငယ်ချင်းတွေနဲ့တွေ့ရေး သူက စီစဉ်ပေးတယ်။

စောစောက ပြောမနာဆိုမနာ သူငယ်ချင်း ၂ ယောက်ဆီက ဖုန်းလာတယ်။ အဆောင်မှာတုန်းလို ပြောကြတယ်။ ဘယ်သူ ၂၂ လဲ၊ ဘယ်သူ ၂၃ လဲ၊ ဘယ်သူ ၂၄ လဲ မသိလို့ နှုတ်ဆက်လိုက်တယ်။

သူငယ်ချင်းတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၅-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး