ပေါင်းပင်နဲ့ မြက်သာ နုတ်တတ်တယ်

ကျွန်တော်က ပုံတွေတင်တော့ ထင်ကြတယ်။ သစ်ပင်စိုက်တာ ဝါသနာပါတယ်။ ပန်းပင်တွေကြိုက်တယ် စသဖြင့်။

သူငယ်ချင်းတယောက်က သူ့ဇနီး ချက်ပြုတ်ကြော်လှော်နေတာတွေကို ပုံတင်တာ၊ သူက မချက်တတ်။

ဆိုရှယ်မီဒီယာမှာ တရားစာတွေတင်ကြတယ်။ ကူးပြီးတင်ကြတာ။ တရားရနေသူ ဟုတ် မဟုတ် ကျွန်တော်က မသိ။

ဆုံးမစာတွေလည်းတင်ကြတယ်။ ကော်ပီပဲ မဟုတ်လား။ အလွန်လိမ္မာရေးခြားရှိသူ ဟုတ် မဟုတ် ကျွန်တော်က မသိ။

ကျွန်တော်က ပေါင်းပင်နဲ့ မြက်သာ နုတ်တတ်တယ်။ ပုံထဲကမြက်တွေ ညနေ။

ဒေါက်တာတင့်ဆွေ
၂၅-၆-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး