Open Minded ကို မြန်မာလို ဘယ်လိုပြန်ရမလဲ ဆရာရှင့်

Open-minded ကို အင်္ဂလိပ်လို ဖွင့်ဆိုချက်က
(၁) အိုင်ဒီယာ ခေါ် အယူအဆ အတွေးအမြင် အသစ်တွေကို လက်ခံယူနိုင်သောစိတ် နဲ့
(၂) ကြိုတင် တင်ကူးမထားသော၊ ဘက်လိုက်မှုမထားသောစိတ်။
(၃) အခြားသူများ၏ အကြံဉာဏ်၊ အကြံပြုချက်၊ သဘောထားကို နားထောင်လိုစိတ်။

အလွယ်ဘာသာပြန်ရင် ဖွင့်ထားသောစိတ်။ အသစ်ကိုကြိုဆိုလိုသောစိတ်။

Narrow-minded ကျဉ်းမြောင်ခြင်းလည်းရှိတယ်။

ကွန်မင့်တခုက ဒေါင်းကို နိုင်ငံတော်သင်္ကေအနေဖြင့် ပြန်လည်အသုံးပြုစေလိုပါသည် တဲ့။ ကျဉ်းမြောင်ခြင်းမှာ ကိုယ်တိုင်က အမြင်မကျယ်တာနဲ့ သူတို့အထက်ကနေ ကျဉ်းအောင်စေခိုင်းခံရတာလို့ မတူကြပါ။

Open-minded ဆိုတာ Liberal လစ်ဘရယ်နဲ့လည်း မတူပါ။ ဘာလာလာ လာခဲ့ ရတယ်လို့ ဆိုလိုတာ မဟုတ်ပါ။ စည်းထားရတယ်။

၁၉၉ဝ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေထုတ်တော့ အင်နယ်ဒီသင်္ကေတမှာ ဒေါင်းပုံပါလို့ မည်သည့်နိုင်ငံရေးပါတီမဆို တိရစ္ဆာန်ပုံအသုံးမပြုရလို့ပါတယ်။ အခုတော့ ဘယ်ပါတီသင်္ကေတမှာ တိရစ္ဆာန်ပုံပါသလဲ။

ဒေါက်တာတင့်ဆွေ
၁၉-၆-၂၀၁၇
၁၉-၆-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး