ဘိတ်ကြား နှင့် ဖိတ်ကြား



၁။ ဖိတ်ကြား လား ဘိတ်ကြား လား ဆရာ နောက်ပိုင်းမှာတော့ ဖိတ်ကြား ပဲ တွေ့နေရလို့ပါ

၂။ ဖိတ်စာလား ဘိတ်စာလားဆရာ

၃။ ဆရာရေ ဖိတ်ကြားစာ နဲ့ ဘိတ်ကြားစာ ဘယ်ဟာမှန်လဲအလင်းပြပေးပါအုံးခင်ဗျာ

နောက်ပေါ်သတ်ပုံစာအုပ်
ဖိတ်ကြား

ကဝိဓဇသတ်ပုံကျမ်း
ဘိတ်
ဘိတ်ကြား
ပင့်ဘိတ်
ဖိတ်စာ
ပင့်ဖိတ်
ဖိတ်ပန်သည်
ဆွမ်းဖိတ်သည်
ဖိတ်ဖေါ်သည်
ဖိတ်ကြားသည်

ဘိတ်ခေါ်
ဘိတ်မန်သက

ဦးသာမြတ် မြန်မာစာရေးထုံးကျမ်း
ဘိတ် = ဖိတ်
(မွန်) ဖိတ် = ဖိတ်ကြားသည်၊ ပင့်ဖိတ်သည်။ ဖ ဦးထုပ်နှင့်ရေးသည်က ပိုမိုခိုင်လုံချေသည်။

ကျွန်တော့်အမြင် နှစ်မျိုးလုံး သုံးနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး