မထွေးမပါ တို့ချည်းသာ

၁။ ဆရာရှင့် ရောဂါနဲ့တော့မဆိုင်ပါ သူ့ကြည့်သက်သက်ဆိုတာမျိုးမှာ ကြည့်ကိုဘယ်လိုရေးရတာလဲရှင့်။ အမြဲ ဇဝေဇဝါဖြစ်နေလို့ပါရှင့်။

ကြည့် မဟုတ်ပါ။ ချည်း ဖြစ်တယ်။

၂။ စာသားတွေက အနှစ်တွေကြည့်ပဲ

အနှစ်တွေချည်းပဲလို့ ရေးရ။ ကြည့်ဆိုတာ မြင်အောင်ကြည့်တာ။ ရုပ်ရှင်ကြည့်တာ။ စာကြည့်တာ။

၃။ ခင်ဦး ရေဦး ဘက်က အပြောလေးတွေက တမျိုးဆန်းပါတယ်ခင်ဗျ။ အပြင်လူနဲ့တွေ့မှ အပြင်စကားပြောကြတယ်။ သူတို့ကြည့်ပဲဆို အေးပါ့။ ဟုတ်တာပါ့။ ဒါပါ့။ နဲ့ ကြားရတာ အားရပါးရရှိလှပါတယ် ခင်ဗျာ။

သူတို့ချည်းပဲလို့ ရေးရ။ ကြည့်ဆိုတာ မြင်အောင်ကြည့်တာ။ ရုပ်ရှင်ကြည့်တာ။ စာကြည့်တာ။

ချည်း = လက်ချည်းသက်သက်။ သူ့ချည်းသာ။ ကောင်းတာချည်းဖြစ်သည်။ ဤသို့ချည်းသာဖြစ်သည်။ အချည်းအနှီး။

တယောက်တည်းချည်း မသွားနဲ့
ထက်ချည်း (ယိုယွင်းပျက်စီးသည်)
လက်ချည်း သက်သက်
လူချည်းပြန်လာသည်
အချည်းနှီးဖြစ်သည်
အဝတ်အချည်းစည်း
ကောင်းတာချည်းဖြစ်သည်
ကြောင်းချည်း (ရှောင်တခင်)

ဘိုးတော်မင်းနဲ့ ပေါ်ဦးတို့ တခါက လိပ်ဥအရသာကောင်းကြောင်း ပြောမိခဲ့ကြတယ်။ ရက်အတန်ကြတော့ ဘိုးတော်က ပညာစမ်းတယ်။ သူ့ချည်းပဲလားကွဲ့ ပေါ်ဦး။ မှန်လှပါ ဆားနဲ့ပါဘုရား။

မထွေးမပါ တို့ချည်းသာ
ပါပါရက်သား နောက်ကထား။

ဒေါက်တာတင့်ဆွေ

Comments

  1. မထွေးတလုံးမှာ (း) ကျနေခဲ့။ ဆောရီး။

    ReplyDelete

Post a Comment

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး