Anti-science bias being a problem in US သိပ္ပံအလိုမရှိအမြင်
ကရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ကတည်းက ယူအက်စ်သမတနဲ့ သူ့အဖွဲ့ထဲက ဆရာဝန်တွေ မကြာခဏ အမြင်မတူ ဖြစ်နေတယ်။ သတင်းစာရှင်းလင်းပွဲတွေနဲ့ မီဒီယာတွေမှာ လူသိထင်ရှားပါဘဲ။ ဒေါက်တာဖေါ်ချီက ယူအက်စ်မှာ သိပ္ပံအလိုမရှိ ဖြစ်လာမှာ စိုးရိမ်တယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။
လူတွေကြားမှာ ကာကွယ်ဆေး မထိုးရေးပြောဆိုရေးသားသူမျိုးရှိတယ်။ အဲဒါက ပြဿနာ။
ဆေးသိပ္ပံပညာအရ ပြောဆိုတာတွေကို နားလည်းလက်ခံသူ အိမ်ဖြူတော်မှာ ရှိနေတယ်။ ဒေါ်နယ်ထရမ့်က မကြာခဏ ပညာရှင်တွေတင်ပြချက်ကို ဆန့်ကျင်ပြောဆိုလုပ်ကိုင်နေတယ်။ ငှက်ဖျားဆေး hydroxychloroquine ကလည်း တခု အပါအဝင်။ အဲဒါက ပြဿနာ။
ပိတ်ထားတဲ့လုပ်ငန်းတွေ အမြန်ပြန်ဖွင့်ရင် ရောဂါကူးစက်မှု ပိုဆိုးမှာကို ဆရာဝန်တွေက စိုးရိမ်Muတယ်။ အိမ်မှာသာ ဆက်လက်နေထိုင်သင့်ကြသေးတယ်။
ဒေါက်တာတင့်ဆွေ
၁၉-၆-၂၀၂၀

Comments
Post a Comment