မြောက် နှင့် မြှောက်

ဝမ်းမြှောက်ဝမ်းသာ သာဓု လို့တင်တာ တွေ့လိုက်တယ်။ သတ်ပုံမှားနေတယ်။ ဝမ်းမြောက်ဝမ်းသာလို့ ရေးရတယ်။

မြောက်
ခုံသူကြီးမြောက်
ငါးယောက်မြောက်
တရားသိမြောက်
ပစ်သောအမြောက်
ပြီးမြောက်
သုံး အမြှောက် ငါး (၃ x ၅)
သဒ္ဓါမြောက်
အကြံမြောက်သည်
အရှေ့ အနောက် တောင် မြောက်
မြောက်ကျွန်းသူ
မြောက်နန်းမိဘုရား
မြောက်မြီ = မကောင်းသောကြွေးမြီ
မြောက်မြား = အလွန်များသည်
မြောက်ဦးမြို့တော်
မြောက်မြေ = မြောက်မြေပိုင် = ဝတ်ကြေရုံ ပြုသည်
မြှောက်၍ မြောက်သည်

မြှောက်စာလုံးက အရင်ထုတ်သတ်ပုံစာအုပ်ထဲမှာ မပါ။ အခုတော့ အသုံးမနည်းပါ။ မြှောက်ပြောသည်။ မြှောက်မနေပါနဲ့။

မင်းတုန်းမင်းရဲ့ မြောက်နန်းမိဖုရား၊ စာဆိုတော်ခင်သဲ (၁၈၁၃-၁၈၇၂) ဟာ ဘုတလင်မြို့နယ် ညောင်ကန်ရွာသူဖြစ်တယ်

တရားစာ၊ ဆုတောင်းစာနဲ့ ကျောင်းစာတွေမှာ သတ်ပုံမှန်ဖို့ အရေးအကြီးဆုံးဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၇-၆-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး