Diarrhea in Children ကလေးဝမ်းသွားရင်

(ကန်တော့)

၁။ ဆရာရှင့် သမီးလေးက တနှစ်နဲ့ ကိုးလပါ ဝမ်းက 11လ အရွယ်လောက်တည်းက ပျက်ပျက်နေပါတယ် ရန်ကင်းမှာလည် ဆေးရုံတက်ကုသပေးဖူးပါတယ် ပျောက်သွားလိုက် ပြန်ဖြစ်လိုက်နဲ့ အခု ဝမ်း အရမ်းသွားနေပါတယ် ဓါတ်ဆားရေ တိုက်နေပါတယ် ဝမ်းပထမ တခါစစ်ကြည့်တုန်က အစာမကြေးတာဘဲတွေ့ပါတယ် အခု ပြန်ဖြစ်နေပြန်ပါပြီ အကြံပေးပါအုံးရှင့် အခု ဝမ်းက သွေးစလေးတွေ ပါ ပါတယ်

၂။ အသက် ၁နှစ် ၂လ။ မိန်းကလေး ည ၈:၀၀ မှ ၁:၁၅ အတွင်းမှာ ဝမ်းသွားတာ (၄) ကြိမ်ရှိပါပြီ။ ဝမ်းအရောင် ဖျော့ပါတယ်။ မနက်တုန်းကစားထားတဲ့ အစာအစအနတွေနှင့် အရည်ကျဲကျဲ ပါပါတယ်။ ဘယ်လိုဆောင် ရွက် ရပါမည်လဲ ဆရာရှင့်။

၃။ ဆရာရှင့် ကျွန်မ သမီးက အသက် ၁ နှစ် ၅လ ပါ ငွေဆောင်ခရီးသွားပြီ ပြန်လာတော့ နေမကောင်းဖြစ်ပါတယ်ဆရာ နောက်တော့ဝမ်းသွားတယ် တနေ့တည်းကို ၉ကြိမ်လောက်သွားပါတယ်ဆရာ ၂ ခါအန်ပါတယ် ဆီးမသွားတော့ပါဘူး ဆရာဝန်သွားပြတယ်ဆရာ Bioflor Carmicide Metrogyl restore အဲ့ဒီဆေး ၄ မျိုးပေးပါတယ် ဆေး ၃ ကြိမ် သောက်ပြီးပါပြီ။ ဝမ်း ၁ ကြိမ် ဆီး၎ ကြိမ် သွားပါတယ် အခု ဆေးလုံးဝဆက်တိုက်လို့မရတော့ဘူးဆရာ ကလေးက အရမ်းဆေးကြောက်နေတယ်။ ဓါတ်ဆားလည်း လုံးဝတိုက်လို့မရပါဘူးဆရာ။ အစာကလည်း ပထမတရက် overtine ၁ ခွက် ဘီစကစ် ၁ ချပ် နောက်တရက် overtine ၁ ခွက် ကိတ်မှုန့်တချပ် ပဲစားပါတယ်ဆရာ ဘာဆက်လုပ်ရမှန်းမသိလို့ ကူညီပြီး ဖြေပေးပါအုံးဆရာ ကျေးဇူးတင်ပါတယ်

၎။ ဆရာရှင့် ကျွန်မသမီး အသက် ၁နှစ် ၁၀လပါ။ အန်ပြီး ဝမ်း၂ခါသွားထားလို့ပါ။ အိမ်လုပ်ဓာတ်ဆားလေး ပြောပြပါရှင်။ အမြန်တိုက်ချင်လို့ပါ။

၅။ မင်္ဂလာပါဆရာ။ ၄ လသမီးလေး ဝမ်းသွားနေတာ နှစ်ရက်လောက်ရှိပါပြီ။ ဘေးအိမ်ကမိတ်ဆွေက ဓါတ်စားရည်တိုက်လို့ ပြောပါတယ်ဆရာ။ အဲဒါ ကလေးကို ဓါတ်စားရည်တိုက်လို့ ဖြစ်ပါသလားဆရာ။ ကလေးကို ဘယ်လိုဆေးမျိုး တိုက်ကျွေးလိုရပါသလဲဆရာ။

၆။ ကလေးအသက်က ၂ နှစ် ၆လ ရှိပါပြီ။ ကျားပါဆရာ။ ဖြစ်နေတာက ဒီနေ့မှ စဖြစ်တာပါ။ အရည်ဝမ်းသွားပြီး အပူချိန် 100 F ရှိပါတယ်။ ခလေးကရေတောင်းတယ်ဆရာ။ဘယ်လို Syrup တွေတိုက်ရမလဲဆရာ။ Syrup Azithromycin တိုက်လို့ ရပါသလား။ ကျေးဇူးပြု၍ဖြေကြားပေးပါဆရာ။

ဓါတ်ဆားကို ဓါတ်စားလို့မှားရေးတယ်။ ကလေးကို ခလေးလို့မှားရေးတယ်။ ကိုယ်ဝန်ကို ကိုဝန်လို့ရေးတာ မှားတယ်။ သားဦးကို သက်ဦး၊ တဦးလို့ရေးတာ မှားတယ်။

• ကလေးပါးစပ်ထဲကို ဗိုင်းရပ်စ်ဝင်ရာကနေ အများဆုံးဖြစ်တယ်။ အလာဂျီရလို့လဲဖြစ်မယ်။ တခါတလေ ဗက်တီးရီးယားကြောင့်ဖြစ်မယ်။ အစာဆိပ်သင့်တာလဲ ဖြစ်တတ်တယ်။
• ကလေး ဗိုက်အတင်းနာမယ်။ ဝမ်းထဲသွေးပါနိုင်တယ်။
• ဝမ်းပျက်တာ အများစုက ဆေးမပေးဘဲ ကောင်းသွားမယ်။ အန်တာလဲ ကောင်းမယ်။
• ကိုယ်ပူမယ်၊ အန်မယ်ဆိုရင် ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်နိုင်တယ်။ ဝမ်းအနံ့ကလဲ ထူခြားသေးတယ်။ ရေဓါတ်-ဆားဓါတ်နည်းတာ အဖြစ်မြန်တယ်။ ကလေးငယ်လေ ဆိုးလေ။
• E. coli နဲ့ Salmonella ဗက်တီးရီးယားတွေကနေဖြစ်လို့ ဆေးကုတာ နောက်ကျရင် သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။
• ပဌမ ၂၄ နာရီအတွင်းမှာ ငှက်ပျောသီး၊ ဆန် (ထမင်း)၊ နာနတ်ဆော့စ်၊ ပေါင်မုံ့ကင်၊ ဆားပါတဲ့ (ခရက်ကာ) မုံ့၊ အချိုမပါတဲ့ ပြောင်းနှံအမျိုးမျိုးနဲ့ လုပ်ထားတဲ့ မနက်စာအဖြစ် စားလေ့ရှိတဲ့အစား ရောထားတာကို ခေါ်တယ်။ ကလေးနဲ့အဆင်ပြေရင် နောက်ရက်မှာလဲ ကျွေးပါ။
• အချိုများတာ၊ သကြားများတာ၊ အသားများတာ ရှောင်ပါ။ မိခင်အတွက်ပြောတာ မဟုတ်။
• နို့တိုက်အရွယ်ဆိုရင် ဆက်တိုက်ပါ။ မိခင် မကြာခဏ လက်ဆေးပါ။
• နွားနို့ကြောင့် ဝမ်းအတွက်မကောင်းပေမဲ့ သူ့ထဲက အာဟာရ ရစေမယ်။ ရေရစေတယ်။ တော်တော်တန်တန် ဝမ်းသွားတာဆို သောက်နိုင်တယ်။
• Baby formula နို့မှုန့်တိုက်တာဆိုရင် မတည့်တဲ့ကလေးအတွက် Lactose လက်တို့စ်မပါတာရွေးပါ။
• ORS ဓါတ်ဆားထုပ်ထက်ကောင်းတာ ကမ္ဘာမှာမရှိပါ။ WHO-UNICEF ORS ကကောင်းတယ်။
• ရေကျက်အေး ၄ ခွက်ထဲမှာ သကြား ၈ ဇွန်း၊ ဆား ၁ ဇွန်းထည့်ပြီး အိပ်မှာတင် ဓါတ်ဆားရေလုပ်နိုင်တယ်။ Potassium ရအောင် လိမ်မော်ရည် တိုက်ပေးပါ။ ငှက်ပျောသီး ကျွေးပါ။
• ကလေးက အန်နေရင် ORS ကို နည်းနည်းချင်း ခဏခဏတိုက်ပါ။
• တနှစ်ကျော်ကလေးဆိုရင် (စွပ်ပြုတ်ရည်) ကျဲကျဲ၊ (ဆိုဒါ) ရိုးရိုး နဲ့ အသီးဖျော်ရည် ရေနဲ့ရောတာ တိုက်နိုင်တယ်။ ရေချည်းဘဲ တိုက်တာနဲ့မရပါ။
• အိုက်စခရင်မ်၊ ဂျယ်လီ၊ ပူတင်းနဲ့ ကြော်ထားတဲ့အစာတွေ ရှောင်ပါ။
• ရေဓါတ်-ဆားဓါတ် နည်းတဲ့လက္ခဏာတွေကို သတိရှိပါ။ ဆီးနည်းလာမယ်၊ ဆီးအရောင်ရင့်မယ်။ ရေငတ်မယ်။ ငိုမယ်။ ငိုတာလဲ မျက်ရည်နည်းမယ်။ အစာမစားချင်ဘူး။ ကိုယ်အလေးချိန်ကျလာမယ်။ အာခေါင်ခြောက်မယ်။ မျက်တွင်းချိုင့်မယ်။ အရေပြားကို အသာလေးဆွဲမကြည့်ရင် ချက်ချင်းပြန်မကျဘူး။ သိပ်မအိပ်ဘူး။
• အားဖြစ်ဖျော်ရည်၊ နို့ တွေ မတိုက်ပါနဲ့။ ဝမ်းပိတ်ဆေးဆိုတာတွေ အတိုက်မလောပါနဲ့။ ရောဂတ်ကို နည်းနည်းသာ သွားရင် ကလေးဆရာဝန်တချို့က တိုက်စေတယ်။ သူ့ထဲမှာပါတဲ့ ဗက်တီးရီယားက အကျိုးတမျိုးပေးတယ်။
• ကလေးတိုက်တာထဲမှာ Bismuth subsalicylate ဆိုတဲ့ဆေးမျိုးပါရင် Aspirin နဲ့တူတယ်။ ကလေးအတွက် မကောင်းဘူး။ Reye’s syndrome ရောဂါဆိုတာ ဖြစ်စေတတ်တယ်။
• Loperamide နဲ့ Bismuth subsalicylate ဆေးက တချို့အတွက် ကောင်းတယ်။ လူကြီးတချို့မှာ ဝမ်းပျက်တာ အတွက်သာ လိုတယ်။ ၅ နှစ်အောက် ကလေးတွေ မပေးတာကောင်းတယ်။
• Atropine sulfate with diphenoxylate HCl (Lomotil), Codeine phosphate, Loperimide HCl (Imodium-AD) နဲ့ Octreotide phosphate (Sandostatin) ဆေးတွေက ဝမ်းပျက်စေတဲ့ ပိုး စတာတွေကို တားဆီးပေးတာတော့ မဟုတ်ဘူး။ အူရဲ့ လှုပ်ရှားမှုကို နှေးကွေးစေတယ်။
• အများဆုံးသုံးပြီး ဈေးလဲ အတော်ချိုတဲ့ Lomotil ဆေးဟာ ဝမ်းသွားတဲ့အကြိမ်အရေအတွက်ကို လျှော့မှာမဟုတ်ပေမဲ့ သွားတဲ့အားကို နည်းစေတယ်။ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ ခြေ-လက်ထုံ၊ စိတ်ဓါတ်ကျ၊ စိတ်တမျိုးဖြစ်၊ ခေါင်းကိုက်၊ ခေါင်းမူး၊ ဂနာမငြိမ်ဖြစ်၊ အိပ်ချင်။ ဆေးများရင် ဝမ်းချုပ်မယ်။ ပျို့-အန်၊ အစာမစားချင်ဖြစ်မယ်။
• ပဋိဇီဝဆေးတိုက်ရင် ဝမ်းပျက်တတ်တယ်။ တကယ်လိုလို့ ဒီလိုပိုးသေဆေး တိုက်နေရင်း ဝမ်းပျက်လာရင် ဆေးပေးတဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဆေးမတိုက်ဘဲနေပါ။ ပဋိဇီဝဆေးဟာ E coli ကြောင့် အစာဆိပ်သင့်တာအတွက် ပိုဆိုးစေတယ်။
• ဆိုးရင် (ရေဓါတ်-ဆားဓါတ်နည်း) ရင် RL drips ဆေးရုံတင် ဆေးသွင်းကုသရမယ်။
• သွားဘူး လာဘူးတဲ့နေရာ မဟုတ်တဲ့ဆီမှာ ခရီးသွားရင်း ဝမ်းပျက်ရင် ဓါတ်ဆားရေအပြင် Bismuth subsalicylate ကိုလဲ သောက်ရတယ်။ ပဋိဇီဝဆေးသောက်မှရတယ်။ လူကြီးတွေ Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၃-၅ ရက်။ ဒါမှမဟုတ် Norfloxacin 400 mg တနေ့ ၂ ကြိမ်၊ ၃-၅ ရက်။ Septrin နဲ့ Doxycycline ဆေးတွေက မတိုးတာတွေ ရှိလာနေပြီ။
• တကိုယ်ရေသန့်ရှင်းရေး ပိုဂရုစိုက်ပေးပါ။ တခါဖြစ်သူ ထပ်ဖြစ်တတ်တယ်။ သူများကိုလဲ ကူးစေမယ်။
• လူကြီးတွေမှာ တခြားအကြောင်းခံတွေကနေလဲ ဝမ်းလျှောတာဖြစ်စေတယ်။ Celiac disease, Crohn’s disease, Ulcerative colitis, Irritable bowel syndrome, Malabsorption syndromes, Carcinoid syndrome, Autonomic neuropathy, Diabetic neuropathy, Radiation therapy, Gastrectomy နဲ့ Zollinger-Ellison syndrome တွေဖြစ်ကြတယ်။

ရက်တို ဝမ်းလျှောရောဂါဆေးများ
• Loperamide = Imodium, Imodium A-D, Anti-Diarrheal, Imotil, Diamode, Kao-Paverin, Kaopectate 1-D, (က) လူကြီး 4 mg (၂ တောင့်) စသောက်ပြီးနောက် 2 mg (၁ တောင့်) ဝမ်းသွားတိုင်းထပ်သောက်ပါ။ တရက်မှာ 16 mg (၈ တောင့်) ထက်မပိုစေရ။ (ခ) ကလေး
• ၂-၅ နှစ် 1 mg တနေ့ ၃ ကြိမ်၊ စုစုပေါင်း 3 mg
• ၆-၈ နှစ် 2 mg တနေ့ ၂ ကြိမ်၊ စုစုပေါင်း 4 mg
• ၈-၁၂ နှစ် 2 mg တနေ့ ၂ ကြိမ်၊ စုစုပေါင်း 6 mg မှတ်ချက်။ ကိုယ်ဝန်ဆောင်များကို မပေးရ။

ရက်ရှည် ဝမ်းလျှောရောဂါဆေးများ
• Loperamide = Anti-Diarrheal, Bismarex, Diamode, Imodium, Imodium A-D, Imotil, Up and Up Anti-Diarrheal Solution,
• Bismuth subsalicylate = Bismatrol, Bismatrol Maximum Strength, Childrens Kaopectate, Kao-Tin Bismuth Subsalicylate Formula, Kaopectate, Kapectolin, Maalox Total Relief, Peptic Relief, Pepto-Bismol, Pepto-Bismol Maximum Strength, Pink Bismuth,
• Atropine/Difenoxin = Motofen

မိခင်နဲ့ကလေး လက်ကို မကြာခဏဆေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Burmese Proverbs စကာပုံများ (က)