လက်ျာလို့ရေးမှ ယောက်ျားလို့ရေးမှ မှန်တယ်

၁။ ဆရာရှင့် လကျာ်ဆိုသော စကားလုံးကို အသံထွက်လျှင် လက်ယာဟု ထွက်ပြီး အဓိပ္ပါယ်က ညာဖက်ဟု ကျွန်မ နားလည်ထားတာ မှန်ပါသလားရှင့် ကျွန်မရေးထားသော လကျာ် စာလုံးပေါင်းရော မှန်ပါသလားရှင့်

လက်ယာ အသံထွက်တယ်။ လက်ျာလို့ ရေးမှသာ မှန်တယ်။ အသတ်တင်တဲ့စာလုံးတွေ အတော်မှားရေးနေကြတယ်။ ယောက်ျားကို မှန်အောင် မရေးတတ်သူနေ့တိုင်း ၄-၅ ယောက်ဆီကလာတယ်။ ယောကျာ်း မှားတယ်။ ယောင်္ကျား (ယောင်ကျား)  မှားတယ်။

မင်းလက်ျာ မှန်တယ်။ င် အသေးကို အပေါ်တင်ထားရင် လင်ယာလို့ ဖတ်မယ်။

ဗိုလ်ချုပ်အောင်ဆန်း စစ်သေနာပတိ။ ဗိုလ်မှူးကြီး လက်ျာ ဒုတိယစစ်သေနာပတိ။ (သမိုင်း)

၂။ လက်ျာဆိုတဲ့အသုံးနှုံးက မရှိတော့ဘူးဆိုတာ ဟုတ်ပါသလားရှင့်။ လက်ယာဆိုတာက လက်ဝဲ လက်ယာ ဘယ်ညာကို ဆိုလိုတာဖြစ်ပြီး လက်ျာဆိုတဲ့အဓိပ္ပါယ်ကို သိချင်ပါတယ်ရှင့်။ လင်္ကျာမဟုတ်ပါက လက်ျာလို့ ပေါင်းတာ မှန်ကန်ပါသလားရှင့်။ ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း အဲ့လိုဟုတ်ပါသလားရှင့်။

၃။ လက်ဝဲလက်ယာအကြောင်း အရှင်းဆုံး ဘယ်စာအုပ်မှာ လေ့လာရမလဲဆရာ။ Online ပေါ်မှာ လက်ယာယိမ်း၊ လက်ဝဲယိမ်း၊ ဆိုတာတွေတော့ ခဏခဏဖတ်နေရလို့ပါ။ အဓိပ္ပါယ်နားမလည်လို့ပါဆရာ။

၎။ ဆရာ လက်ဝဲက ကွန်မြူနစ်လား လက်ယာက ကွန်မြူနစ်လား

လက်ဝဲက ကွန်မြူနစ်။ ဆိုရှယ်လစ်တွေကိုလည်း လက်ဝဲလို့သုံးတာလည်းရှိတယ်။ အိန္ဒိယက ဘီဂျေပီပါတီကို လက်ယာယိမ်းဟိန္ဒူအစွန်းရောက်ပါတီလို့ ငယ်ငယ်ကဖတ်ခဲ့ရဘူးတယ်။

လက်ျာလို့ အရင်ကတည်းကရေးပါတယ်။ နောက်တော့ လက်ယာလို့ပြောင်းရေးကြတယ်။ အရင်က ယ ကို ယပင့်နဲ့ ပြောင်းရေးတာတွေရှိတယ်။ ရ ကို ယရစ်နဲ့ပြောင်းတယ်။ လက်ယာ = လက်ျာ။ ဆရာ = ဆြာ။ လက်ျာလို့ရေးတာကို မှားတယ်ပြောမရပါ။ လင်္ကျာကတော့ မှားတယ်။

ဗိမ္ဗိသာရမင်းကြီး၏ အဂ္ဂမဟေသီဝေဒဟီမိဖုရားမှာ ထိုမင်းသား ပဋိသန္ဓေတည်နေလျှင်ပင် ငါသည် မင်းကြီး၏ လက်ျာ လက်မောင်းသွေးကို သောက်မျိုရမူ ကောင်းလေစွာ့ ဟူ၍ တောင့်တမှု = ချင်ခြင်း ဖြစ်ရှိလေသည်။ (အဇာတသတ်မင်းသားအကြောင်း)

မန်းတောင်လက်ျာ - မစိမ်းစိမ်း https://www.youtube.com/watch?v=vlaXvlDvfLo

ဒေါက်တာတင့်ဆွေ
၂၂-၆-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ