တညင်းသီးနှင့် ဖါ

(ကန်တော့)

လွန်ခဲ့တဲ့ ၃ နှစ်တိတိက ဒီလိုနေ့မှာ ဘလော့ရသူ ၂ ယောက်ရှိခဲ့တယ်။

၁။ ဒညင်းပဲဖြစ်ဖြစ် ဓငြင်းပဲဖြစ်ဖြစ် အသီးကအသီးပဲ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ မဝေဖန်ပါနဲ့လား

၂။ ကို့ဖာကိုမေး ကို့ဖာကိုဖေဆြိုတော့ မစိုးပါဘူးတော်ပါတယ်ဆုရမှာပါ

ဖါ
စကားဖါသည်
စပ်ဖါသည်
စူလာနဖါပင်
ထန်းခေါက်ဖါ (ထည့်စရာ)
နားဖါချေး
ဖါချုပ်သည်
ဖါတန်း (ကိုယ်ခန္ဓာရင်းနှီးစားသူ မိန်းကလေးများ ရှိရာအရပ်)
ဖါဖါထေးထေးပြောဆိုသည်
ဖါလုံ (၈ ဖါလုံ = တမိုင်)
ဖါလာစေ့
ဖါလူဒါ
ဖါသည် (ကိုယ်ခန္ဓာရင်းနှီးစားသူ မိန်းကလေး)
ဖါထေးသည်
အပေါက်ဖါသည်
နှီးဖါ (ထည့်စရာ)

စကားပြောရာမှာ မိမိဖါသာ၊ ကိုယ့်ဖါကိုယ်၊ သူ့ဖါသူ စသဖြင့်သုံးကြတယ်။ ကို နဲ့ ကိုယ် မတူပါ။ ကိုက ရှေ့ကပုဒ်ကို ပြုလုပ်တာ။ ကိုယ်က ကိုယ်တိုင်။ အဲလောက်ထိဆိုးတဲ့ စာမျိုးရေးသူတွေကိုတော့ ဘလော့တယ်။ နေမကောင်းလို့ မေးတာတွေ ဘယ်လောက်သတ်ပုံလွဲလွဲ မဖြေတာ မရှိပါ။

ဒေါက်တာတင့်ဆွေ
၁၉-၆-၂၀၁၇
၁၉-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး