World Refugee Day ကမ္ဘာ့ဒုက္ခသည်များနေ့

ဇွန်လ ၂၀ ရက်နေ့မှာကျရောက်တယ်။ ကုလသမဂ္ဂကနေ သတ်မှတ်ထားတာ။ သမိုင်းကြောင်းနဲ့ ကိန်းဂဏန်းတွေ မထည့်တော့ပါ။

ကျွန်တော်တို့ ပြည်ပရောက်တော့ နိုင်ငံရေးတက်ကြွသူတွေအဖြစ်သာနေခဲ့ကြတယ်။ နောက်တော့မှ ကုလသမဂ္ဂ (ယူအင်အိတ်ခ်ျစီအာ) ရုံးမှာ မှတ်ပုံတင်ကြရတယ်။

၂၀၀၀ ခုနှစ်ကျော်တော့ ပြည်တွင်းကနေ အုံနဲ့ကျင်းနဲ့ အိန္ဒိယကို လူသစ်တွေရောက်လာကြတယ်။ အဲဒီအချိန်ကစပြီး (ယူအင်အိတ်ခ်ျစီအာ) ရုံးဟာ အင်မတန်လူစည်းကားရာဖြစ်လာတယ်။ ဈေးကိုင်တယ်။ မျက်နှာသာပေးတာ မတူပါ။ နိုင်ငံရေးတက်ကြွသူတွေ ဒုတိယတန်းစား၊ တတိယတန်းစားဖြစ်ကုန်ကြတယ်။

ကျွန်တော့မိသားစုလည်း တရားဝင်ဒုက္ခသည်တွေ ဖြစ်ပါတယ်။ သားအငယ်ဆုံးတယောက်ကလွဲရင် ယူအက်စ်အေကို မိသားတစုဝင်တွေ ရောက်ရတာလည်း ဒုက္ခသည်စာရင်းဝင်လို့ပါ။

ဒုက္ခကို လူတိုင်းသိကြတယ်။ ခံရတယ်။ လွတ်မြောက်ချင်ကြတယ်။ လူ့ဒုက္ခအတွက် ယူအင်စိတ်ခ်ျစီအာ မရှိပါ။ ဘယ်နိုင်ငံကိုပို့ပို့ ဒုက္ခလွတ်မှာ မဟုတ်ပါ။ ကျွန်တော်က တရားစာ မရေးတတ်ပါ။ စာဖတ်တဲ့သူတွေက ပိုသိကြတယ်။

လူ့ဒုက္ခနေ့ဆိုတာ နေ့တိုင်းဖြစ်တယ်။ ဒုက္ခတွေ နည်းပါး သက်သာပြီး လွတ်မြောက်နိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၉-၆-၂၀၁၉
၁၉-၆-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး