Happy Doctor's Day ဆရာဝန်များနေ့

ဆရာဝန်ကျွန်တော် ဒေါက်တာ့စ်ဒေးကို သတိမထားမိပါ။ ဇူလိုင်လ (၁) ရက်နေ့ဟာ ဆရာဝန်များနေ့ဖြစ်တယ်။ နိုင်ငံတိုင်းမှာတော့ မဟုတ်ပါ။ အိန္ဒိယမှာက ဒီနေ့ဖြစ်ပါတယ်။ အမေရိကားမှာတော့ ဆရာဝန်နေ့ကို မတ်လ (၃ဝ) ရက်ကို သတ်မှတ်ဘို့ သမတ ဂျော့ခ်ျ ဘွတ် လက်ထက်က ဥပဒေနဲ့ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၃ ကစပြီး ကျင်းပကြတယ်။ ကျူးဘားမှာ ဒီဇင်္ဘာ (၃) ရက်။ အီရန်မှာ သြဂုတ် (၂၃) ရက်။ ဗီယက်နမ်မှာ ဖေဖေါ်ဝါရီ (၂၇) ရက်။

ကျွန်တော်တို့တိုင်းပြည်မှာ ဆရာဝန်ဖမ်းတဲ့နေ့လို့ ရှိခဲ့ဖူးတယ်။ ၁၉၉၀ ခုနှစ်မှာ။

ကျွန်တော့်မှာ ဆရာဝန်ဆိုင်းဘုတ် မရှိတော့ပါ။ နားကြပ်လေးလည်း အနားပေးထားရတာကြာပြီ။ မြန်မာပြည်မှာ ဆရာဝန်တွေ ဟက်ပီးနိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁-၇-၂၀၁၈
၁-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး