Fever အဖျား

ဆရာရှင့် HIV positive လူနာက သောက့် (သောက်) နေကျဆေးကို ၄ လ ၅ လ လောက်မသောက်ပဲ ဖြတ်ထားပါတယ်ရှင့် ယခု ဖျားနေသည်မှာ တလနီးပါး ရှိလာ၍ စိုးရိမ်ရပါသလားရှင့် ဆေးရုံပြန်သွားလျှင် ဆရာဝန်များက အော်ငေါက်မှာ ကြောက်ပီး (ပြီး) မသွားရဲပါ ထို့ကြောင့် မည်သို့ ဆက်လက်လုပ်ဆောင်ရမည်ကို လမ်းညွှန်ပေးပါရှင့် ကျေးဇူးတင်ပါသည် လူနာက အသက် ၃၃နှစ် အမျိုးသားတဦးပါ ရန်ကုန်ကပါရှင့်

ဆောရီး။ ဘာကြောင့်ဖျားသလဲ စစ်ဆေးရမယ်။ HIV ဆေး ဆက်သောက်ရပါမယ်။

အဖျားဆိုတာ ရောဂါတခုအမည် မဟုတ်။ ရောဂါတခုခုရဲ့လက္ခဏာသာဖြစ်တယ်။ ဘာကြောင့်ဖျားသလဲ ရှာရမယ်။ အကြောင်းအမျိုးမျိုးကနေ ဖျားစေနိုင်တယ်။ လူတိုင်းကိုယ်အပူချိန် 37 C (98.6 F) ပုံမှန်ရှိတယ်။ အဖျား အတော်များများက အလိုလိုပျောက်ပါတယ်။ အလွန်ဆုံး Paracetamol, Ibuprofen ဆေး တခုခုသောက်နိုင်တယ်။ တနေ့ ၁-၂-၃ ကြိမ်။ ပေးပတ်လည်သောက်ရတဲ့ဆေးတွေ မဟုတ်။ ဘယ်နှစ်နာရီတခါ သောက်ရတဲ့ဆေး မဟုတ်။ ကိုယ်ပူရင်သာ သောက်ပါ။

ဖျားတာနဲ့တွဲပြီး ခံစားရတာတွေရှိနိုင်တယ်။
၁။ Sweating ချွေးထွက်
၂။ Chills and shivering ချမ်း တုန်
၃။ Headache ခေါင်းကိုက်
၎။ Muscle aches ကြွက်သားတွေနာ
၅။ Loss of appetite စားချင်စိတ်ပျက်
၆။ Irritability စိတ်တိုချင်
၇။ Dehydration ရေဓါတ်လနည်း
၈။ General weakness အားနည်း
၉။ Febrile seizures ကလေးတွေ တချို့မှာ ဖျားရင် တက်တယ်။

ဖြစ်စေနိုင်သည့်အကြောင်းများ
1. ဗိုင်းရပ်စ်တမျိုးမျိုး
2. ဘက်တီးရီးယားတမျိုးမျိုး
3. အပူလွန်ကဲခြင်း
4. အဆစ်နာခြင်း
5. ကင်ဆာ
6. ဆေးတခုခုကြောင့်
7. ကာကွယ်ဆေးထိုးခြင်း
8. ထိခိုက်ဒဏ်ရာကနေ ပိုးဝင်ခြင်း
9. ဘာကြောင့်မှန်း မသိတဲ့အဖျား

ဗိုင်းရပ်စ်ရောဂါများ
• adenovirus infection
• astrovirus infection
• chickenpox ရေကျောက်
• chikungunya virus infection ချီကင်ဂူညာ
• common cold အအေးမိခြင်း
• Coronavirus ကရိုနာဗိုင်းရပ်စ်
• Crimean-Congo hemorrhagic fever
• dengue fever သွေးလွန်တုပ်ကွေး
• Ebola အီဗိုလာ
• fifth disease
• Flu တုပ်ကွေး
• genital herpes လိင်လမ်းရေယုံ
• hepatitis A အသဲရောင်
• hepatitis B အသဲရောင်
• hepatitis C အသဲရောင်
• hepatitis D အသဲရောင်
• hepatitis E အသဲရောင်
• herpes ရေယုံ
• Lassa fever
• Marburg hemorrhagic fever
• Measles ဝက်သက်
• molluscum contagiosum
• norovirus infection
• parainfluenza virus infection
• polio ပိုလီယို
• rabies ခွေးရူးပြန်
• respiratory syncytial virus infection
• roseola
• rotavirus infection
• rubella ဂျာမန်ဝက်သက်
• severe acute respiratory syndrome (SARS)
• smallpox ကျောက်ကြီး
• viral encephalitis ဦးနှောက်ရောင်
• viral meningitis ဦးနှောက်အဖုံးလွှာရောင်
• warts ကြွက်နို့
• yellow fever

ဘက်တီးရီယားကနေ ဖျားစေနိုင်တာတွေကလည်း များတယ်။ မထည့်တော့ပါ။

Body temperature ကိုယ်အပူချိန် https://doctortintswe.blogspot.com/2018/11/body-temperature.html
Fever and Baby ကလေးနှင့် အဖျား https://doctortintswe.blogspot.com/2019/07/fever-and-baby.html
Fever First Aid အဖျားရှိသူ ရှေးဦးသူနာပြုနည်း http://doctortintswe.blogspot.com/2016/07/fever-first-aid.html

တလ၊ တဦး ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ
၂၆-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ