ကျုပ်တို့ရွာက ကျည်းတန်မ

(မျိုးမြင့်ဆွေ ရေးတဲ့ ကဗျာ)

ကျုပ်တို့ရွာက မကျည်းတန်
အသားတော် မင်ရောင်ညိုနဲ့
ဆံလေးတို ဖွာလံကျဲ
သရဲမ ဟန်
နှုတ်ခမ်းက ကော့ကလန်
နှာတံက ပိချပ်ပြား။

သူ့ရုပ် တခါကြိမ်က
ငဖယ်လိမ် ပိန်ကလပ်ကို
မေ့တတ်နိုင်အား။

ကျုပ်တို့ရွာက မကျည်းတန်
အလှူဆို သူရှေ့ဆုံး
သိမ်းကျုံးကူပြန်
သာနာမှုမှန် မကျန်ရစေဘဲ။
ရပ်ရွာမှာ ထိုထိုပွဲ
ကြုံတိုင်းသူနွှဲ။

ကျုပ်တို့ရွာက မကျည်းတန်
ရွာ့အပျို ဟိုတသိုက်နဲ့
ကောက်စိုက်ချိန် ဟိုတနေ့က
တွေ့ခဲ့မိပြန်
သုံးယောက်တွက် သူဒိုင်ခံ
စိုက်ခဲ့ပြန်တယောက်ထဲ။
ရွာမြောက်မှာ သန်လယ်ပ
အဖွားမယ် တကောင်ကြွက်ရဲ့
လက်စားလိုက်ပွဲ။

ကျုပ်တို့ရွာက မကျည်းတန်
လုပ်သိမ်းချိန် ဗုံရှည်ပွဲ
ဝဲအောင် ကဟန်။

ချွေးစီးက ပေကျံ
ဗျာဆံကရွံ့လူး။
လယ်ခတ္တာ တခိုင်ပန်လဲ
မကျည်းတန် သူ့အလှကို
မှီကြလိမ့်ဘူး။

တခါက စိတ်ထားစေတနာလှပြီး သတ်ပုံပါလှတဲ့ခေတ် ရှိခဲ့တယ်။ အခုတော့ တမှန်ရင် စသတ်ခိုင်း ရိုင်းခဲ့ပြီတကား။

ဒေါက်တာတင့်ဆွေ
၂၆-၆-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး