Difficult Questions နားမလည်သော မေးခွန်းများ

၁။ အလင်းပြပေးပါလို့ ရေးတဲ့သူ မနည်းပါ။ မီးပျက်နေသလား စဉ်းစားရတယ်။ အရပ်ဆရာတွေ၊ ဓါတ်ဆရာတွေ၊ မျက်လှည့်ဆရာတွေက သုံးကြတယ်။ စကားထာဝှက်တာမှာလည်း သုံးကြတယ်။ ဆရာဝန်နဲ့ မဆိုင်။

၂။ ကလေးယူနေတာလို့ ရေးသူလည်း အတော်များတယ်။ အရင်က အဲလိုပြောလေ့ ရေးလေ့ မရှိပါ။ အိမ်ထောင်ကျပြီး တာဆေး တားနည်းမသုံးသူတိုင်း ကိုယ်ဝန် ကလေးရနိုင်တယ်။ ကလေးယူနေတာလို့ ပြောလိုသာ ကလေးရတာ မဟုတ်ပါ။

၃။ ဖြစ်နေတာကို ဖြစ်တတ်ပါသလား မေးကြတယ်။ နာနေတာကို နာတတ်ပါသလား မေးကြတယ်။ ဘာဖြေရမလဲ မသိ။

၎။ စိုးရိမ်ရပါသလားလည်း မေးကြတာ နေ့တိုင်း။ အန္တရာယ်ရှိပါသလားလည်း မေးကြတယ်။ ဖြစ်နေတဲ့ရောဂါ ပျောက်ရေး မမေးကြ။

၅။ ဘာတွေထပ်စစ်ရမလဲ။ ဘန်ကောက်သွားစစ်ရမလား မေးကြတယ်။ ရောဂါအမည်သိထားပြီးသူတွေကနေ အဲလိုမေးရင် ဖြေရခက်တယ်။ ရောဂါပျောက်အောင် မမေးကြပါ။ တချို့က စစ်တာနဲ့ ကုသတာ မှားနေကြတယ်။

၆။ အာထွာဆောင်းရိုက်တယ်၊ အကုန်ကောင်းပါတယ်၊ အကျိတ်သေးသေးလေးသာတွေ့တယ်တဲ့။ အဲတာ ရောဂါ၊ အကုန်ကောင်းတာ မဟုတ်ပါ။

၇။ ဘာတွေရှောင်ရမလဲ မေးကြတယ်။ ရောဂါက အစားအသောက်နဲ့ မဆိုင်တာ။ ဆီးချို၊ သွေးတိုး၊ ဂေါက်ရောဂါနဲ့ ကိုလက်စထောများသူတွေက ဘာစားရမလဲ၊ ဘာရှောင်ရမလဲ မေးလေ့မရှိကြ။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ