အဆင့်ပါစာလုံးများ

အင်္ဂလိပ်စာလုံးကို တိုက်ရိုက်အသံယူပြီး မြန်မာလိုရေးရင် အဆင့်တွေနဲ့ မရေးရဘူးလို့ ဖတ်ဘူးပါတယ်ဆရာ ဘယ်ဆရာဆိုတာတော့ မမှတ်မိတော့ပါ အဲ့ဒါ ဟုတ်ပါသလားဆရာ

အဲလိုလည်း မဟုတ်ပါ။ ဥပမာ အိန္ဒိယ၊ ပါကစ္စတန်၊ အင်္ဂလိပ်၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ဇန္နဝါရီ၊ နိုဝင်္ဘာ၊ ဒီဇင်္ဘာ။ အဲလိုအစဉ်အဆက် ရေးလာတာတွေကိုတော့ လိုက်မပြင်သင့်ပါ။

ဘက္ထရီ၊ မိုက္ခရိုဝေ့၊ စတာတွေမှာ အဆင့် မလိုအပ်ပါ။

လူတွေရဲ့စိတ်သဘောက စာလုံးအဆင့်တွေနဲ့ရေးရင် ခန့်သလိုလို၊ ဆန်းသလိုလို၊ နန်းဆန်သလိုလို၊ နိုင်ငံခြားဆန်သလိုလို ထင်ပြီး အထင်ကြီးလေ့၊ စိတ်ဝင်စားလေ့ရှိတယ်။ စာအရေးအသားမှာ စိတ်လှုပ်ရှားမှုကို ဘေးဖယ်ထားသင့်တယ်။

စောစောပိုင်းခေတ်က ဘာသာပြန်စာတွေထဲမှာ အဲလိုအဆင့်စာလုံးတွေ အတော်သုံးခဲ့တယ်။ အခုတော့ အဲလောက်ထိ လိုတယ် မထင်ပါ။

ဒေါက်တာတင့်ဆွေ
၁၉-၆-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး