ထူးဆန်းသောတိုင်းပြည်က ထူးဆန်းသောစာများ

ကွန်မင့် (၁)  ခလေးတွေအပြင်မခေါ်ကြပါနက် တဲ့။

နက်ဆိုတာ မည်းတာ။ ကုသိုလ်နဲ့ အကုသိုလ်လို့ ရေးရတယ်။ ကုသိုလ်နက်လို့ရေးရင် အကုသိုလ်အဖြူလား စဉ်းစားရတော့မယ်။ သမီးကောင်လေးနက်လို့ ရေးမေးတယ်။ သူ့ကောင်လေးဆိုသူက အသာမည်းသလားမသိ။

ကွန်မင့် (၂)  ဟုတ်ပါ့ဆရာရယ် သူတို့လုပ်ပုံနဲ့ မြန်မာစာမြန်မာစကားက အမှားတေများလားပြီ ခေလးကို ခလိန်းရေးလို့ရေး

ကွန်မင့် (၃)  တေမဟုတ် တွေဖြစ် တေဆေး၊ အပေအတေ။ (မှန်။ ကျေးဇူး။)

က ကလေးငယ်ချစ်စဘွယ် ဆိုတာ သူငယ်တန်းကျောင်းစာ။ သူငယ်တန်းအထိစာမသင်ခဲ့ရသူတွေက ခလေးလို့ ရေးကြတယ်။

ကလေးကနေမကောင်း ဘယ်လိုလုပ်ကရမလဲဆရာတဲ့။ မေးတဲ့သူက အငြိမ့်မင်းသမီးထင်တယ်။

ပါပီ ပါပီ ပါပီနဲ့ မေးကြတယ်။ ခွေးကလေးချစ်သူများဂရုကဖြစ်မယ်။

ခေါင်းမာ အနာပေါက်တဲ့။ ဒီလောက်မာတဲ့ခေါင်း အနာမပေါက်လောက်။ သားအိမ်မာ အကျိတ်တဲ့ ဒီလောက်မာတဲ့ သားအိမ်မှာ အကျိတ်မပေါက်လောက်။

ကိုယ်တွေတဲ့။ ရင်ချင်းဆက်အမြွှာမွေးထားတဲ့ မိဘတွေက မေးကြတယ်။

ဖစ်နေ ဖစ်နေ ဖစ်နေ တဲ့။ သူတို့အားလုံက ဖစ်လမ်းမှာနေကြတယ်။

ဆရာဂျီးတဲ့။ ကျွန်တော် နေ့တိုင်း ဆပ်ပြာတိုက်ပြီး ရေးချိုးတာ မသိသူတွေက ရေးကြတာ။

မွန်းဂါး နဲ့ မွတ်ငါးဆိုင်တွေ ပိတ်ကုန်ပြီ ထင်တယ်။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး