ဝင်ကစွပ် မြင်ဆွတ်ကကြည်ဘို့ရာ

မင်္ဂလာပါဆရာ။ ဆရာအချိန်ရရင် စွပ် နဲ့ စွတ်၊ မျို နဲ့ မြို  အသုံးပြုပုံကိုတင်ပြပေးနိုင်မလားဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

မျို
အစာကိုမျိုချပါ
မျိုချ
မျိုသိပ်
ညောင်မျိုသည်
မြေမျိုသည်
လည်မျိုမှာတစ်နေသည်
ရေမျိုချပါ

မြို မရှိ။

စွတ်
စွတ်ခနဲထွက်သွား
စွတ်စွတ်ရွတ်ရွတ်လုပ်သည်
စွတ်စိုနေသည်
စွတ်ဖါးလှည်း
စွတ်လုပ် (ဇွတ်လုပ်)
စွတ်ကြောင်း
စွတ်ပြော (ဇွတ်ပြော)
နီနီစွတ်စွတ်
ခြည်ခင်စွတ်ငှက်
ဝက်မစွတ်မြို့စား

စွပ်
ကွင်းစွပ်
စြပ္က်ယ္အက်ႌ
စွပ်စွပ်မြည်သံ
စွပ်စွဲသည်
စွပ်တံ
စွပ်ပြုတ်ဟင်းချို
စွပ်လိုက်ချွတ်လိုက်
ပန်းကုံးစွပ်
ယိုးစွပ်သည်
လက်စွပ်
လှံစွပ်
ဝင်ကစွပ်ကောင်
ခေါင်းမှာစွပ်
ခြေစွပ်

ပင်လယ်ခရုဘွဲ့ လေးချိုးသဖြန်

ကြုံစဖူး မြင်ဘူးမှ ယုံစဘွယ်။

ဖြူနီပြာတစုနှင့်၊ ခရုထွေလာဆန်း ကမ်းကွေ့ပတ်လယ်။

ရွှေမင်တံ သံပခြုပ်နှင့်၊ ဟန်ရုပ်ပြသွယ်သွယ်၊ နတ်မယ်လျဆံထိုး။

ဝင်ကစွပ်၊ မြင်ဆွတ်ကကြည်ဘို့ရာ၊ ဟိုသို့လာ သည်သို့သွားနှင့်၊ အငှါးခန္ဓာမြှောင်ရတယ်၊ ဆန်းခေါင်ထိမျိုး။

ဦးကြင်ဥ မော်တင်စွန်းရောက်စဉ်ကရေးတဲ့ ကဗျာမှာ ဖြူနီပြာတစ်စု မဟုတ်။ ဖူး နဲ့ ဘူး၊ ဘွယ်၊ ပတ်လယ် အသုံးတွေကိုလည်း မှတ်သားသင့်ပါတယ်။ ပြီး၏လို့သာရေးရတယ်။ ခုခေတ် လူပျင်းတွေရေးကြသလို ပီး၏ မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၂-၆-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး