Rabies Vaccine ခွေးရူးကာကွယ်ဆေး ဘေးထွက်သက်ရောက်မှုများ

မဂ်လာပါ (မင်္ဂလာပါ) ဆရာရှင့် အမျိုးသမီး အသက် (၃၄)နှစ်ပါ သိချင်တာလေးမေးပါရစေရှင် ခွေးရူးကာကွယ်ဆေးက ကျောက်ကပ်ကိုထိခိုက်နိုင်ပါသလားရှင် အသိတယောက်က ၂၀၁၉ခုနှစ် ၂လပိုင်းမှာခွေးကိုက်ခံရလို့ ကာကွယ်ဆေး ၄လုံးထိုးရပါတယ်ရှင်။ ၄လပိုင်းရောက်တော့ ခါးကိုက်လို့ စစ်ကြည့်တာကျောက်ကပ်မှာကျောက်တည်နေပါတယ်။ ကျွန်မအဖေကလည်း ၂၀၁၉ခု ၄လပိုင်းမှာ ခွေးကိုက်ခံရလို့ ကာကွယ်ဆေး ၄လုံးထိုးရပါတယ်။ ၈လပိုင်းရောက်တော့ ကျောက်ကပ်မှာကျောက်တည် လို့ ဆေးကုသရပါတယ်ရှင်။ အခုကျွန်မလည်း ၆လပိုင်း ၁၀ရက်နေက ခွေးကိုက်ခံရလို့ ကာကွယ်ဆေးထိုးတာ ၃လုံးထိုးပီးပါပီ (ပြီးပါပြီ) ရှင်။ ၁လုံးပဲထိုးရတော့မှာပါ။ အခု ညာဘက်ခါး ကိုက်နေလို့ပါရှင်။ ကျောက်တည်တာလားဆိုတာ စိုးရိမ်လို့ပါရှင်။ ခွေးရူးကာကွယ်ဆေးထိုးတာ ကျောက်ကပ်ကို ထိခိုက်နိုင်ပါသလား သိချင်လို့ပါရှင်။ ကျေးဇူးတင်ပါတယ်ရှင်။

Rabies Vaccine, Pcec (PF) Suspension ခွေးရူးကာကွယ်ဆေး ဘေးထွက်သက်ရောက်မှုများ ဆေးသုတေသနကို ကိုးကားရေးပါမယ်။

Common side effects အဖြစ်များသော ဘေးထွက်သက်ရောက်မှုများ
Malaise မအီမသာဖြစ်ခြင်း
Skin Induration ဆေးထိုးတဲ့နေရာ မာပြီးနာနေခြင်း
Chills ချမ်း
Dizziness ခေါင်းမူး
Fever ဖျား
Headache ခေါင်းကိုက်
Itching ယား
Joint Pain အဆစ်နာ
Low Energy အားနည်း
Muscle Pain ကြွက်သားနာ
Nausea ပျို့
Reactions ဆေးထိုးတဲ့နေရာ တုံ့ပြန်မှုဖြစ်ခြင်း
Stomach Cramps ဗိုက်အောင့်
Swollen Lymph Nodes တက်စေ့ ခေါ် လင့်ဖ်နုတ်ရောင်ခြင်း

Rare side effects ရှားပါးသော ဘေးထွက်သက်ရောက်မှုများ
Hypersensitivity Reaction ဆေးနှင့်မတည့်ဖြစ်ခြင်း
Anaphylaxis ဆေးနှင့်မတည့်ဖြစ်ရာမှ ရှော့ခ် ရခြင်း
Skin Rash အရေပြားအနီကွက်
Angioedema အလာဂျီဆိုဆိုးဝါးဝါးခြင်ခြင်း
Meningitis ဦးနှောက်အဖုံးလွှာရောင်ခြင်း
Bronchospasm အသက်ရှူလေပြွန်ကျဉ်းခြင်း
Encephalitis ဦးနှောက်ရောင်ခြင်း
Guillain-Barre Syndrome ဆင်ဒရုမ်း
Hives အင်ပြင်ထခြင်း
Spinal Cord ခါးရိုးမကြီးထဲကအာရုံကြောရောင်ခြင်း။

ကျောက်ကပ်နဲ့ဆိုင်တာ မတွေ့ပါ။

အသိတယောက်ကလို့ ရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ
၂၆-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး