Face-to-face Instruction မျက်နှာချင်းတွေ့ စာသင်ကြားရေး

ကရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ကျောင်းတွေလည်း ပိတ်ထားရတယ်။ အွန်လိုင်းသင်ကြားရေးခေါ် ဂူဂယ်လ်-ကလပ်စ်၊ ဇူးမ်-ကလပ်စ်တွေနဲ့ သင်ပေးနေကြရတယ်။

ကနေ့မနက် အီးမေးလ် လာတယ်။ ကျောင်းတည်ရှိရာ မာရီယွန်ကောင်တီ အာဏာပိုင်တွေနဲ့ ကျောင်းတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ချက်ချပြီးပြီတဲ့။ ပြန်ဖွင့်ချိန်မှာ မျက်နှာချင်းတွေ့ စာသင်ကြားရေးလုပ်နိုင်ပြီ။ ရောဂါအတွက် စိုးရိမ်သူတွေနဲ့ လူကိုယ်တိုင် ကျောင်းမတက်နိုင်သူတွေအတွက်လည်း အွန်လိုင်း-လန်းနင်း ရှိပါသတဲ့။

ကျွန်တော် မြန်မာဘာသာပြန်ဆရာလုပ်နေတဲ့ ခရစ္စတယ်လ်ဟောက်စ် ဒိုးစ် ကျောင်းကို လာမဲ့ သြဂုတ်လ (၅) ရက်နေ့မှာ ပြန်ဖွင့်မယ်။ လက်ရှိ နွေရာသီ ဂူဂယ်လ်-ကလပ်စ်နဲ့ ဇူးမ်-ကလပ်စ်တွေ သန်ဘက်ခါနောက်ဆုံးနေ့။

ကျောင်းကပေးတဲ့လက်ပ်တော့က ကင်မရာအလုပ်မဖြစ်လို့ ဇူးမ်ကလပ်စ်မှာ ကျွန်တော့ပုံမပါနိုင်။ အသံသာထွက်ရတယ်။ ဖုန်းနဲ့သုံးရင် ဆူညံသံတွေနဲ့ အလုပ်မဖြစ်။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး