Insulin အင်စူလင်ဆေး ထားသိုနည်း နှင့် မြန်မာစာမှာ အူး မရှိ

ကျေးဇူးတင်ပါတယ်ဆရာ Insulin ကိုများသောအားဖြင့်ရေခဲသေတ္တာထဲမှာ ထား သုံးကြတာဘဲ တွေ့ ဖူးပါတယ် အခုကျွန်တော်တို့ တောဒေသမှာ ရေခဲသတ္တာမရှိတဲ့တွက် သဲကို ရေလောင်းပီး (ပြီး) insulin (mixtard)ကိုထား ကြရပါ တယ် အဲ့တာကရော အဆင်ပြေနိုင်လား inactive ဖြစ်သွားနိုင်လား ဖြေပေးပါအူးဆရာ

အင်စူလင်ဆေး မသုံးရသေးတာကို ရေခဲသေတ္တာထဲမှာ အပူချိန် 36°F နဲ့ 46°F ကြားမှာထားသိုပါ။
အင်စူလင်ဆေး သုံးလက်စကို ရေခဲသေတ္တာထဲမှာ အပူချိန် 56°F နဲ့ 80°F ကြားမှာ ထားသိုပါ။

အရင်မေးစဉ်က ဖြေပေး ပါအူး (ဦး သို့မဟုတ် အုန်း) လို့ ပြင်ပေးလိုက်သေးတယ်။ အူးလို့ရေးတာ မှားတယ်။ ဦး သို့မဟုတ် အုန်းလို့ရေးရတယ်။ မြန်မာစာမှာ အူး မရှိပါ။ လူအမည် ဆိုင်အမည်ကိုတော့ ကြိုက်ရင် ရေးလို့ရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး