Family Tree ဆွေမျိုးစဉ်ဆက်

ကျွန်တော်က အမျိုးစပ်တာ မှတ်မိတာ ညံ့တယ်။ ညီတော်မောင် ဒေါက်တာမောင်ဝင်းက အမျိုးစပ်တော်တယ်။ သူ့အမေ အရီးဒေါ်တင်အေး လက်ကျ။ အမျိုးထဲမှာ လူကြီးနေရာကဖြစ်နေတော့ ကိုယ်ထက် ငယ်သူတွေက မေးရင် မဖြေတတ်လို့ မှတ်တမ်းတခုကြည့်ပြီး ကျွန်တော်တို့မျိုးဆက်ကို ချရေးလိုက်ပါတယ်။

ကျွန်တော်တို့က ဦးကောင်းမျိုးဆက်ထဲကဖြစ်တယ်။ ဦးမှို နဲ့ မယ်မင်းဇီတို့ကနေ မောင်ချင်း ခေါ် မောင်ကောင်းကို မွေးတယ်။ သူ့မှာ မောင်နှမ (၆) ယောက် ရှိတယ်။ မင်းတိုင်ပင်မှာ မယ်မင်းဇီ အုတ်ဂူရှိသေးတယ်။ ခေတ်ဟောင်း ရာဇဝင်စာအုပ်ထဲမှာ မုံတိုင်ပင်ရွာလို့ ရေးတယ်။

၁။ မောင်ချင်း ခေါ် ဦးကောင်း
၂။ ဦးချောင်
၃။ ဦးထား
၎။ မယ်အိမ်ကြွယ်
၅။ မယ်တူး
၆။ မယ်ထူး (ကျွန်တော်တို့ မျိုးဆက်)

အငယ်ဆုံး မယ်ထူးကနေ ကျွန်တော်တို့ မျိုးဆက် ဆင်းသက်တယ်။ မယ်ထူးက ဖိုးကံထော်နဲ့ အိမ်ထောင်ကျတယ်။ သားသမီး (၉) ယောက်မွေးတယ်။
၁။ ဦးဖိုးသာ
၂။ ဦးသာမိုး
၃။ ဦးဖိုးအို
၎။ ဦးရေချမ်း (ကျွန်တော်တို့ မျိုးဆက်)
၅။ ဦးတောက်ထွန်း
၆။ မယ်အို
၇။ မယ်သော်
၈။ မယ်ဖွား
၉။ ဦးအုံးခိုင်

နံပတ် (၄) ဦးရေချမ်းက ဒေါ်ခင်လေးနဲ့ အိမ်ထောင်ကျပြီး သားသမီး (၇) ယောက်မွေးတယ်။
၁။ ဦးထင် (ကျွန်တော်တို့ မျိုးဆက်)
၂။ ဦးဝင်
၃။ ဦးစံအောင်
၎။ ဦးဘဟိန်း
၅။ ဦးဘသိန်း
၆။ မနီတာ
၇။ မအေးမိ။

ဦးထင် (မင်းတိုင်ပင်တိုက်နယ်သူကြီး) နဲ့ ဒေါ်အမ (မြို့အုပ်သမီး) အိမ်ထောင်ကျတယ်။ သားသမီး (၉) ယောက် မွေးတယ်။
၁။ ဒေါ်ခင်ပု
၂။ ဦးဘဝင်း
၃။ ဒေါ်တင်မေ
၎။ ဒေါ်ခင်ခင် (ကျွန်တော့် အမေ)
၅။ ဒေါ်ညွန့်ညွန့်
၆။ ဒေါ်မြင့်မြင့်
၇။ ဒေါ်ထွေး
၈။ ဦးဗိုလ်သိန်း
၉။ ဦးဘိုတော

ကျွန်တော့်အမေ နံပတ် (၄) ဒေါ်ခင်ခင် (မင်းတိုင်ပင်) က ဦးဘချို (မင်းရွာ) နဲ့ အိမ်ထောင်ကျတယ်။ သားသမီး ၆ ယောက်မှာ ကျွန်တော်က နံပတ် (၂) ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မင်းရွာမှာ မွေးတယ်။

ဦးကောင်းက ဘုရင်ကပေးစားတဲ့ ဆင်ကြံသခင်မနဲ့ အိမ်ထောင်ကျတာ သားသမီး မထွန်းကားလို့ မယ်ထူးသား ဦးရေချမ်းကမွေးတဲ့ မြေးတော်သူ မောင်ထင်နဲ့ မောင်ဝင်တို့ကို ခေါ်မွေးစားထားသတဲ့။ ကျွန်တော့်အမေရဲ့ ဖခင် မင်းတိုင်ပင် တိုက်နယ်သူကြီး ဦးထင် မကွယ်လွန်ခင်က မုံရွာ ဆူးလေကုန်းရပ်မှာနေတာ မှတ်မိတယ်။

ဘယ်သူမဆို မိဘဘိုးဘွားတွေရဲ့ ကောင်းမွေဆိုးမွေ ခံကြရတယ်။ ကိုယ်တိုင်ကလည်း ကောင်းမွေဆိုးမွေထား ရစ်ခဲ့ကြပါတယ်။

ကျွန်တော့်မျိုးဆက်
ကျွန်တော်က ညောင်ကန်သူ မတင်တင် ခေါ် မမြမြအေးနဲ့ အိမ်ထောင်ကျပြီး သားသမီး (၅) ယောက်မွေးတယ်။
ပဌမမျိုးဆက်
၁။ ဝဏ္ဏတင့်ဆွေ၊
၂။ ချမ်းမြတင့်ဆွေ၊
၃။ နန္ဒတင့်ဆွေ၊
၎။ နေမြမြဆွေ၊
၅။ ရာဇာတင့်ဆွေ။

ဒုတိယမျိုးဆက်
၁။ သဒ္ဓါဆွေ (ဝဏ္ဏတင့်ဆွေ သမီး)၊
၂။ ပင်နီဆွေ (ချမ်းမြတင့်ဆွေ သား)၊
၃။ တာရာဆွေ (နန္ဒတင့်ဆွေ သမီး)
၎။ ဧကရီဆွေ (ရာဇာတင့်ဆွေ သမီး)၊
၅။ ဝိဇ္ဇာဆွေ (ရာဇာတင့်ဆွေ သား)၊
၆။ ပညာဆွေ (နန္ဒတင့်ဆွေ သား)၊
၇။ ရွှေရည်ဆွေ (ရာဇာတင့်ဆွေ သမီး)။

တတိယမျိုးဆက်
၁။ အမရာဆွေ (သဒ္ဓါဆွေ သမီး)

ဒေါက်တာတင့်ဆွေ
၂၀-၆-၂၀၁၉
၂၀-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး