Sebaceous hyperplasia ဝက်ခြံတမျိုး

ဆရာ ကျမက ဝက်ခြံငယ်ငယ်ကတဲက မထွက်ပါဘူး။ ခု အသက်ကြီးလာတော့ အဆီခဲတွေ အရေပြားအောက် အဖုအဖုလေးတွေ။ အဲဒီအတွက်ရော ဆေးရှိပါသလားဆရာ။ ပေါ်လာတယ် ညှစ်ထုတ်လို့လဲမရဘူး။ တခါတခါ ယားပါတယ်။

Sebaceous hyperplasia ဆိုတာ အရွယ်လတ်နဲ့ အသက်ရလာသူတွေမှာဖြစ်တယ်။ အများကြီးဖြစ်နေတာပါ။ ကင်ဆာကို မဖြစ်ပါလို့ ပြောနိုင်သလောက်ရှိတယ်။ အရေပြားမှာ ချွေးထွက်ပေါက်လေးတွေမယ် အဆီလို (ဆီဘမ်) ဆိုတာရှိတယ်။ သူ့အလုပ်တာဝန်က အရေပြားနဲ့ အမွှေးဆံပင်တွေကို ကို ရေခံနိုင်အေင်လုပ်ပေးတယ်။ ခြောက်သွေ့မသွားစေအောင် လုပ်ပေးနေတယ်။ အမွေးပေါက်တွေနဲ့ ဆက်နေပေမဲ့ အမွေးမရှိတဲ့နေရာမှာလဲ ရှိသေးတယ်။ လက်ဝါးနဲ့ ခြေဖဝါးတွေမှာသာ မရှိပါ။ (ဆီဘမ်) ခေါ်တာတွေများလာရင်ဆော့ အဆီပြန်တယ်လို့ ခေါ်ကြတာ ဖြစ်လာမယ်။ အပြင်ကရှိတဲ့ ဗက်တီးရီယား အသေတွေပါ ရောလို့ အနံ့မကောင်းဖြစ်လာမယ်။

မွေးခါစကလေးတွေမှာ အဆီအဖြူဖတ်တွေများတာမျိုး တွေ့ဘူးကြမယ်။ အဲတာက အခုပြောတဲ့ (ဆီဘမ်) တွေနဲ့ သေသွားတဲ့အရေပြားဆဲလ်တွေ ရောနေတဲ့ Vernix caseosa ခေါ်တယ်။ လူ့ကိုယ်ဟာ ဆီကောင်းကောင်းထိုးထားတဲ့ စက်နဲ့တူတယ်။ ဒီလိုဖြစ်နေမှလဲ ကောင်းတယ်။ အဲဒါတွေက သူ့အုပ်သူလုပ်ပေးနေသူအတွက် အရေပြားကို စိုနေအောင် လုပ်ပေးမဲ့ အရေပြားသုံး အလှအပပစ္စည်းမျိုး ဝယ်လိမ်းနေစရာမလိုပါ။ သိပ်များတာလဲ မကောင်းပြန်ပါ။ ဘာလို့များသလဲ။ ဟော်မုန်းတွေကြောင့်ပါ။ အထူးသဖြင့် အမျိုးသမီးတွေမှာ ဟော်မုန်းအမျိုးမျိုးက အမြဲမပြတ် အနည်း-အများ ပြောင်းလဲနေတယ်။ ရာသီ၊ ကိုယ်ဝန်၊ အပျိုဖြစ်၊ သွေးဆုံး၊ တချိန်နဲ့တချိန် မတူပါ။ ဝက်ခြံပေါက်ရတာ ဒါကြောင့်ဖြစ်တယ်။ များတာကနေဆက်ပြီး Rosacea, Seborrhea, Sebaceous cyst, Sebaceous hyperplasia, Keratosis pilaris, Sebaceous prominence ဆိုတဲ့အခြေအနေတွေ ဆက်ဖြစ်နိုင်တယ်။ သူထွက်ရမဲ့အိတ် ပိတ်နေရင် Sebaceous cyst လေးတွေဖြစ်လာမယ်။ အဖြစ်များတယ်။ ကာရံမသင့်ရင် ပိုးဝင်လို့ ပြည်တည်နိုင်တယ်။ ကြီးလာရင်၊ နာရင်၊ ပိုးဝင်ရင် ခွဲစိတ်ထုတ်ပေးရမယ်။

ဘယ်လိုဆင်ခြင်မလဲ
အရေပြားကို ဘယ်လိုဂရုစိုက်မလဲ။ နည်းတွေ၊ ဆေးတွေ အများကြီး ရှိတယ်။ ကြော်ညာကောင်းတွေလဲ အလွန်များတယ်။ ကြောညာနောက်တော့ မလိုက်စေချင်ပါ။ အခြေခံကတော့ အရေပြားသန့်ရှင်းရေး၊ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားသောက်နဲ့ မလိုအပ်ပဲ ဆေးအပြင်းတွေကနေ ရှောင်ရှားဘို့သာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး