မလျော့မတင်း စောင်းကြိုးညင်း

ဆရာ မလျှော့မတင်း စောင်းကြိုးညှင်းလား၊ မလျော့မတင်း စောင်းကြိုးညင်းလားခင်ဗျ။

စောင်းကြိုးညှိရာတွင် တင်းလွန်းလျှင် စောင်းကြိုးပြတ်တတ်၍ လျော့လွန်းပြန်လျှင်လည်း စောင်းကြိုးချင်း ရစ်ပတ် ရှုပ်ထွေးတတ်သည်။ စောင်ကြိုးကို မလျော့လွန်း မတင်းလွန်း ညှိမှသာ စောင်းသံ သာယာညင်းပျောင်းဖြစ်သည်။

တင်းလွန်လျှင်ပြတ်၊ လျော့လွန်းလျှင်ပတ်။ ရုတ်ချည်းမဖြစ်နိုင်သည့်ကိစ္စကို ဇွတ်အတင်းမပြုဘဲ မလျော့မတင်း၊ စောင်းကြိုးညင်းသကဲ့သို့ ပြုကြပါ။ စည်းကမ်းထိန်းသိမ်းရေး၊ လူမှုဆက်ဆံရေးစတာတွေမှာ တင်းလွန်း လျော့လွန်းလျှင် အကျိုးမထင် ဖြစ်တတ်တယ်။

ညှင်း
အမဲသား ညှင်း
ညှင်း ဖဲပွင့်
ညှင်းရောဂါ
ညှင်းပြောက်
ညှင်းလုံး ဂီတသံစဉ်
ညှင်းလုံးပြောက်အဆင်

ညင်းညင်းသာသာ
ညင်းပျောင်း
မလျော့မတင်း စောင်းကြိုးညင်း

ဒေါက်တာတင့်ဆွေ
၂၇-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး