Jေargon ခတ်စကားတွေ

နားမလည်တဲ့ ခေတ်ပေါ်စကာလုံးတွေရှိတယ်။

ခုခေတ်မှာ အားကစားစာလုံး မသုံးကြတော့ဘူးလား မသိ။ ဂျင်မ်သွားတာကို ဆော့တာတဲ့။ ဆော့တယ်ဆိုရင် ဂွေလိမ့်တာလား၊ ဒိုးပစ်တာလား၊ ကျည်းသားရိုက်တာလားပဲ ထင်တယ်။

ကစားတယ်ဆိုတာ စည်းစနစ်နဲ့လုပ်ရတာ။ အဓိက အချိန်။ ဆော့တာကတော့ အဖေအမေတွေ တော်တော့မပြောမချင်း။ သစ်ပင်ပန်းပင်ကိုလည်း မနက်စောစောတခါ ညနေစောင်းတခါ အချိန်နဲ့ ပြုပြင်ရတယ်၊ ရေလောင်းရတယ်။

နောက်တခုက (ကန်တော့) ကလေးယူနေတာတဲ့။ အိမ်ထောင်ကျပြီး တားဆေးတားနည်းတခုခုမှ သုံးသူမှန်သမျှ ကိုယ်ဝန်ရနိုင်တယ်။ ကလေးယူနေလို့သာ ကလေးရတာ မဟုတ်။ အဲလိုပြောတဲ့သူတွေဟာ မေးခွန်းတွေအရတော့ ကိုယ်ဝန်မရသေးသူတွေချည်းဖြစ်နေတာ သတိထားမိတယ်။

နောက်တခုက အလင်းပြပါတဲ့။ မီးပျက်လို့ ပြောကြတယ်ပဲ ထင်နေတယ်။ အလင်းပြဆိုတာ လျှပ်စစ်ဌာနကိုညွှန်းတာ မဟုတ်ရင်၊ ပျောက်စေဆရာ၊ မျက်လှည့်ဆရာတွေနဲ့ဆိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး