ကွေးနေအောင်ကသူများ

ကွန်မင့်တခုရတယ်။ စားရမယ်၊ သွားရမယ်၊ လုပ်ရမယ် ကို စားကမယ် သွားကမယ် လုပ်ကမယ် ဆိုပြီး ကွေးနေအောင် ကတဲ့လူတွေလည်း များနေပါပြီဆရာ၊ အပြော အရေး နှစ်မျိုးလုံး ကနေကြတယ်၊ ရတဲ့လူတောင် နည်းသွားပြီ တဲ့။

ကျွန်တော် တမြန်နှစ်က ကိုယ့်တိုင်းပြည်ကို အလည်ပြန်ခဲ့တယ်။ လူတွေ အတော်များများနဲ့တွေ့ပြီး စကားပြောခဲ့ပါတယ်။ အမျိုးတွေ မိတ်ဆွေတွေသာမက ဖေ့စ်ဘွတ်ဖရင်းတချို့လည်းပါတယ်။ သူတို့အားလုံးက စကားကို တည်တည်တန့်တန့် မှန်အောင်ပြောကြတယ်။

မေးခွန်းတွေဖြေနေတာ ဆယ်နှစ်လောက်ကြာပြီ။ ရ ကို က လို့ရေးသူ (၁၀) ယောက်ထက် မပိုသေးပါ။ မေးခွန်းက ထောင်ဂဏန်း မနည်းပါ။

ကောက်ချက်ချရရင် အလွဲအမှားလုပ်သူတွေရှိတာမှန်ပေမဲ့ စကားမှန်သူတွေက ပိုများပါတယ်။ အဲလို စတန့်ထွင်သူတွေက သူတို့ကိုဂရုစိုက်လေ ကွေးနေအောင်ကလေ။

ဒေါက်တာတင့်ဆွေ
၁၉-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး