ကျွဲ ကို ဤ ဖတ်တဲ့ခေတ်

ဆရာ စာအုပ်တအုပ်ရဲ့သတ်ပုံ မှန်ခြင်း၊ မှားခြင်းဟာ စာရေးသူ နဲ့ မဆိုင်ပဲ စာစီ တည်းဖြတ် ပုံနှိပ်ထုတ်ဝေသူတွေ နဲ့ပဲ ဆိုင်တာမဟုတ်ဘူးလား ဆရာ။

အဲလောက်ညံ့တဲ့ စာရေးဆရာ မတွေ့ဘူးသေးပါ။ အရင်ခေတ်မှာ အယ်ဒီတာနဲ့ ပရုဖ်အယ်ဒီတာတွေက စစ်ဆေးပြီးမှသာ စာအုပ်ထုတ်ဝေပါတယ်။ အခုအခြေအနေကို သိပ် မသိပါ။

ကျွန်တော့်စာအုပ် ၃ အုပ်ကိုတော့ ကျွန်တော်ရေးတဲ့အတိုင်းသာ စာအုပ်တိုက်တွေက ထုတ်ပေးပါတယ်။ ပုဂံတိုက်နဲ့ စိတ်ကူးချိုချို။

စာအုပ်ထုတ်မယ်ဆိုကတည်းက သတ်ပုံတွေမပြင်ရကို သဘောတူတဲ့စာအုပ်တိုက်ကို သေချာရွေးပါတယ်။ ကွန်ပြူတာ စာရိုက်တာ ကနေ့ခေတ်မှာ လူတိုင်းပါ။ လူတိုင်းကို အယ်ဒီတာ ခေါ်လို့မရ၊ စာရေးဆရာ ကဗျာဆရာခေါ်လို့ မရထိုက်ပါ။

စစ်အစိုးရလက်ထက်မှာ ကျွန်တော့စာတွေကို အမည်ဝှက်နဲ့ စာအုပ်ထုတ်ပေးမဲ့ အယ်ဒီတာတဦးက ဆက်သွယ်တယ်။ ကံကောင်းချင်တော့ စာအုပ်မထုတ်ဖြစ်လိုက်ပါ။ ထုတ်ဖြစ်ရင် ပေါ်လစီသတ်ပုံတွေနဲ့ဖြစ်မှာ။
ကလေးဆေးပညာစာတရာကိုလည်း သတ်ပုံမပြင်ရစည်းကမ်းအရ စာအုပ်တိုက် နောက်တခုကနေ ထုတ်ပါဦးမယ်။

ကနေ့ခေတ်မှာ စာစီ တည်းဖြတ် ပုံနှိပ်ထုတ်ဝေသူတွေ ၉၀% က ပေါ်လစီသတ်ပုံကိုသာ အမှန်ထင်နေကြတယ်။

စကားပုံလည်း ပြောင်းပြန်။ ကျွဲ ကို ဤ ဖတ်တဲ့ခေတ်။ လူ့မနောက ပြောင်းလာတယ်။ တချို့က မှန်နေတာကို မှားအောင် ပြောင်းတာကို လိုလားနှစ်ခြိုက် အားပေး လေးစား ကြည်ညိုကြတယ်။ မေးတဲ့အတွက် ကျေးဇူး။

ဒေါက်တာတင့်ဆွေ
ပုံအတွက် ကျေးဇူး။

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး