Samosa စမူဆာ

ကျွန်တော်က အိန္ဒိယမှာ ၂၄ နှစ်နေခဲ့တယ်။ အိန္ဒိယအစားအစာတွေမှာ မဆလာနံ့မပါတာသာ စားချင်တယ်။

ယူအက်စ်အေရောက်တော့ ဒေါ်မြမြအေးက စမူဆာ အမျိုးမျိုးစမ်းဝယ်ပါတယ်။ တနေ့က ဆိတ်သားစမူဆာ မဆိုးပါ။ တက်ဆပ်စ်ကလာတာတဲ့ အိန္ဒိယဆိုင်ကပဲ ဖြစ်မယ်ထင်တယ်။ မနေ့က ပါကစ္စတန်စမူဆာ တခုသာ စားလိုက်တယ်။ အသားမပါစမူဆာတဲ့။ လာဟိုးက လာသတဲ့။ ထူးဆန်းတယ်။ အိန္ဒိယမှာ အသားစားသူနည်းပြီး ပါကစ္စတန်မှာ အသားမစားသူ နည်းတယ်။

ကျွန်တော်က မယ်ဆလာ မကြိုက်။ အထဲမှာ အသား၊ အာလူးနဲ့ ကြက်သွန်နီတွေကလွဲရင် မကြိုက်။ ပြောင်းဖူးထည့်တာ မကြိုက်၊ မုန်လာဥဝါထည့်တာ မကြိုက်။ ဟိုဟာဒီဟာတွေပါတာ မကြိုက်ပါ။

ဗမာစမူဆာထက်ကြိုက်တာ မရှိ။ အိန္ဒိယတောင်ပိုင်း မဒရပ်စ် စမူဆာနဲ့ ဗမာစမူဆာ အတူတူပဲ ကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး