မဆာက မစားရ

ပို့စ်တခုတွေ့တယ်။ (မ) ကို ဘယ်မှာထားမလဲ ရေးချင်လာတယ်။

နှာခေါင်းစည်း တပ်မလာလျှင် နဲ့ နှာခေါင်းစည်း မတပ်လာလျှင် အဓိပ္ပါယ် မကွာသလိုလို။ ထမင်းစားမလာလျှင် နဲ့ ထမင်းမစားလာလျှင် အဓိပ္ပါယ် မကွာသလိုလို။

ထမင်းမစားရသေး နဲ့ ထမင်းစားမရသေး အဓိပ္ပါယ် အတော်ကွာခြားတယ်။ ထမင်းမစားရသေးဆိုတာ ထမင်း မကျက်သေးလို့၊ ထမင်းစားချိန် မရှိလို့၊ ထမင်းစားစရာ မရှိလို့၊ တခုခုကြောင့် မစားရသေးတာ။ ထမင်းစားမရသေးဆိုတာ နေမကောင်းလို့၊ ဗိုက်ခွဲထားလို့၊ ပါးစပ် လျှာနာနေလို့ တခုခုကြောင့်။

စာမဖတ်ရသေး နဲ့ စာဖတ်မရသေးလည်း မတူပါ။ စာမဖတ်ရသေးဆိုတာ စာဖတ်ချိန်မရှိလို့၊ စာအိတ်မဖွင့်ရသေးလို့၊ စာတိုက်က ရောက်မလာသေးလို့ တခုခုဖြစ်မယ်။ စာဖတ်မရသေးဆိုတာ မျက်စိကြောင့်၊ မျက်မှန် ရှာမတွေ့လို့။

သူငယ်တန်းဘတ်စာထဲမှာ မဆာက မစားရ။ မဆာက စားမရလို့ မဟုတ်ပါ။

မတပ်လာလျှင်ဆိုတာ (မတပ်) ဆိုတဲ့ အမျိုးသမီး လာလျှင်လား စဉ်းစားနေရတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး