ရေး မြိတ် ထားဝယ် သို့မဟုတ် ယေး ဗိတ် ဓါးဝယ်

၁။ ဘိတ်ငါးပိ တော့ မှန်လားဗျ။

၂။ ဘိတ်မြို့နှင့်မြိတ်မြို့

ကဝိဓဇသတ်ပုံကျမ်း = ယေး ဗိတ် ဓါးဝယ်

ဘိတ်ကလာတဲ့ ငံပြာရည်ဆိုတာ နာမည်ရ ရုပ်ရှင်ဒါရိုက်တာတဦး ဖြစ်တယ်။ ၁၉၉၂ မှာကွယ်လွန်တယ်။

ဖေ့စ်ဘွတ်မှာ ဘိတ်သူအမည်နဲ့ အကောင့်တွေတွေ့တယ်။

ဘိတ်ထားဝယ်ခရိုင်အသုံးလည်းရှိတယ်။ ဘိတ်ထားဝယ်ညီညွတ်ရေးတပ်ဦးအဖွဲ့ရှိတယ်။

ဘိတ်ငပိထောင်း ကောင်းတယ်။ ငပိ နဲ့ ငါးပိက မူကွဲသတ်ပုံ။ အမျိုးအစားကောင်းရင် ငပိရေးရေး ငါးပိရေးရေး စားကောင်းတယ်။

တမြန်နေ့က မေးခွန်းမေးသူတယောက်က မြိတ်ကို လာလည်ပါလို့ ဖိတယ်။ ကျေးဇူး။ ထားဝဝ်သာ တာဝန်နဲ့ တပတ်တိတိ နေခဲ့ဖူးတယ်။ မြတ် ခေါ် ဘိတ်ကို မရောက်ဖူးသေးပါ။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂၀၂၀

Comments