စကားကို စကားလိုပြော စာကို စာလိုရေး မြန်မာစာကို အင်္ဂလိပ်လို မတွေးနဲ့

မောင်စွမ်းရည်ကရေးတယ်။ ညီမလေးရယ် စိုးရိမ်မိတယ်ဆိုတာ အောက်သားစာရေးဆရာ သုံးစွဲခဲ့တဲ့စကားသာ ဖြစ်တယ်။ ညီမ ညီမလေးဆိုတာ မိန်းကလေးအချင်းချင်းသာ သုံးရတယ်။ အကိုက သူ့နှမကို ညီမလေးလို့ မပြောရပါ။

ကန်တော့။ မင်းကို ငါက ဆဲပါတယ်လို့ မပြောရ။ မင့်ကို ငါဆဲတယ်ကွာ။ မင်းနှမကို ငါ့ပေးပါလို့ ငါတောင်းပါတယ် မဟုတ်။ မင့်နှမ ငါ့ပေး။ ကန်တော့။

ဘယ်တုန်းက လာသလဲလို့သာ မေးရတယ်။ ဘယ်တုန်းက လာခဲ့ပါသလဲလို့ ခဲ့ပါရန်မလို။ မနေ့က လာတယ်လို့သာ ဖြေရပြီး၊ မနေ့တုန်းက လာခဲ့တယ်လို့ ခဲ့ထည့်ရန်မလို။ လည်း မဟုတ်။

စကားကို စကားလိုပြောပါ။ စာကိုစလိုရေးပါ။ မြန်မာစာကို အင်္ဂလိပ်လို မတွေးနဲ့။ သတ်ပုံ မှန်ပါစေ။

ဒေါက်တာတင့်ဆွေ
၂၀-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး