မှန်အောင်ရေးတတ်သူ ၁၀% လောက်သာရှိတယ်

(ကန်တော့)

မေးခွန်းတွေထဲက သတ်ပုံမပြင်ရတဲ့မေးခွန်း ၁၀% လောက်သာရှိတယ်။ မှားနည်းတွေက မတူကြပါ။

ဖြစ်တတ်ကို ဖြစ်တက်။
ကိုယ်ဝန်ကို ကိုဝန်။
သားဦးကို သက်ဦး၊ တစ်ဦးတဲ့။
ယောက်ျားကို ယောင်္ကျားနဲ့ ယောကျာ်း။
နောက်ကို အနောက်၊ ရှေ့ကို အရှေ့။
သားအိမ်ထုတ်ကို သားအိမ်ထုပ်။
သိချင်ကို သိခြင်လို့ မှားကြတယ်။
ဆေးစွဲသောက်ကို ဆေးဆွဲသောက်လို့မှားကြတယ်။
ဖတ်ကျိတဲ့။
ဟုကဲ့တဲ့။ ဟုပ်တဲ့။
ရန်ကုန်မှာကို ရန်ကုန်မာ။ ဗိုက်မှာကို ဗိုက်မာ။ ပခုံးမှာကို ပခုံးမှာ။
ချုပ်ရိုးပေါ်မာတဲ့။

ရရစ်အလိုတွေကလည်းများတယ်။
ပါပြီကို ပါပီ။ ရှိပြီကို ရှိပီ။ ဖြစ်ကို ဖစ်တဲ့။

အောင်မြစ်အပိုတွေကလည်း မနည်း။
သက့်သာပါဘူး
အခု့ချိန်ထိ့ငိုနေတုံပါပဲ
လိုက့်၊ ရိုက့်၊ ကျေးဇူးပြု့၊ အခု့၊ ဆန်ပြုတ့်၊ မသက့်သာ၊ အောက့်ကဆေး၊ အခု့ချိန်ထိ့၊ ဘယ်လိုလုပ့်ရမလဲ
သမီးလက့်က လက့်ဆစ် လက့်ချောင်း လက့်ကောက့်ဝတ်တွေ မလူပ့်နိုင်လောက့်အောင် ကိုက့်ပါတယ်ရှင့်
အကောင့်တု သာဖြစ်ပါလိမ့်မည်
ခလေးသိပ့်တာလား
အိပ်ဆေးအကြောင်း သိ့ခြင်လို့ပါ
ဘယ်ရက်ထိ့ အိပ်ပျော်တတ်တာလည်းဆရာ
အိမ်ထောင်မရှိ့။
ဘာတွေ ကာကွယ်မှု့ ပြုလုပ်ရန်နှင့်
ဆရာလမ်းညွှန်မှု့ပြု့ပါအုံးရှင်။

တေသမားလည်း များတယ်။
အဖုလေးတေ
ချိုင်းကြားတေ
ပေါင်ကြားတေ
ဆေးခန်းတေ

ဘန်းစကားလိုလို ခေတ်စကားလိုလိုတွေကလည်း အတော်ကိုများတယ်။
ကလေးနေမကောင်းတာ ဘယ်လိုကရမလဲတဲ့။

လူမှုရေးမေးခွန်းတွေမှာ စာကိုမဟုတ်အောင် တမင်ရေးကြသူတွေ အတော်များတာ သတိထားမိတယ်။ ဆရာဂျီးတဲ့။ ကိုယ့်ထက်အသက်ကြီးလည်း ကောင်လေးတဲ့။ သွေးဆုံးခါနီးလည်း မိန်းကလေးတဲ့။ ကောင်လေးနက်တဲ့။ ပြီကို P နဲ့ ရေးကြတယ်။ ဆီးစစ်ကို စီးစစ်တဲ့။

မှန်အောင်ရေးတတ်သူ ၁၀% လောက်သာရှိတယ်။ တစ်ကို ထည့်မပြောသေးပါ။ အဲတာကတော့ မှန်အောင်ရေးတတ်သူ ၅% လောက်တောင် မရှိပါ။

ဒေါက်တာတင့်ဆွေ
၁၉-၆-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)