မည်း မဲ နက်


အမဲရောင်နဲ့ အမည်းရောင် ဘယ်ဟာအမှန်ပါလဲခင်ဗျ

မဲ
မဲခိုးသည်
မဲချသည်
မဲဇလီပင်
မဲဇာမြစ်
မဲဇာတောင်ခြေ
မဲတင်းသည်
မဲကြိုး
မဲနယ်
မဲမဲသဲသဲ
မဲပြား
မဲပြာပင်
မဲရဉ်းပင်
မဲလိပ်
မဲလိမ်သည်
မဲဝယ်သည်
မဲတောင်းသည်
မဲပေးသည်
မဲပေါက်သည်
သဲသဲမဲမဲ
အမဲသားငါး
အမဲဟင်းလျာ
အမဲခြောက်
အောက်မဲညိုပင်

မည်း
ခမည်းခမက်
ခမည်းတော်
ခမည်းပေးသည်
တလမည်း (ရာဇာဓိရာဇ်၏သမီးတော်)
နက်မည်း
မည်းချိပ်ချိပ်
မည်းနက်
မည်းပုပ်
မည်းကြုတ်
မည်းကျော
မည်းနှမ်း
မှိုင်းမည်းမည်း
မျက်နှာမည်း
ရမည်းသင်းမြို့
စောမည်း (မင်းကြီးစွာစော်ကဲ၏ငယ်ကျွန်တော်)
တောကြီးမျက်မည်း

နက်
အနက်ရောင်။
နက်ကျော။
နက်ကြုတ်။
နက်ချိပ်။
အသားနက်သည်။
နက်ဖြန်ခါ။
နက်ရှိုင်း။
နက်ဝှမ်း။
နက်နဲခက်ခဲလှသည်။
အဓိပ္ပါယ်အတိမ်အနက်။
နက္ခတ်တာရာ။

နဲ့
နုန့်နဲ့သည်။
သွားနဲ့သည်။
သည်အဝတ်အစားနဲ့ လှသည်။
လှုပ်တိုင်းနဲ့သည်။
ထော့နဲ့ထော့နဲ့ သွားနေသည်။
ချည့်နဲ့နဲ့သာ ကျန်တော့သည်။
နှဲ့၍ နဲ့။
နင့်နင့်သီးသီး။
သူနဲ့သာဆိုရင်

အရင်အစိုးရတွေလက်လက်ထက်မှာ မဲခိုးသတင်းတွေ ထွက်ခဲ့တယ်။ မေးခွန်းတွေမှာ သမီးကောင်လေးနက် ဘာညာလို့ ရေးကြတယ်။ အောက်မဲညိုကို အောင်မဲညိုဆိုပြီး ၉၆ ပါးပျောက်တယ်လို့ ရေးကြတယ်။ သတ်ပုံမှားမှတော့ မှန်တယ်ထင်သူတွေ မှားပြီ။

ဒေါက်တာတင့်ဆွေ
၂၈-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး