Masala Spelling မဆလာ သတ်ပုံ

ကျွန်တော် အိန္ဒိယမှာ (၂၄) နှစ်ကြာနေခဲ့ရပါတယ်။ ဒေလီ မယ်ဆလာကို လုံးဝမကြိုက်ပါ။ မကြိုက်ပေမယ့် ရှောင်လို့ မရတာတွေ အကြိမ်ပေါင်းများစွာ ကြုံခဲ့ရတယ်။ အစည်းအဝေးတွေ၊ ကွန်ဖရင့်တွေတက်ရင် မယ်ဆလာပြေးမလွတ် ရှောင်မရတဲ့အခါ မှိတ်ကြိတ်ပြီးစားပါတယ်။ အိမ်မှာတော့ မဆလာမပါတဲ့ဟင်းကိုသာစားတယ်။

မယ်ဆလာလို့ရေးရတာလားဆရာ ကျမတို့ ရေးနေတာ မဆလာ ဆိုတော့မှားနေတာပေါ့နော်။

Masala အသံထွက်ကို ယူထားတာ။ နီးစပ်တာ ယူနိုင်။ အင်္ဂလိပ်စာလုံးကလည်း မူရင်းမဟုတ်ပါ။ မဆလာ၊ မယ်ဆလာ၊ မာဆာလာ။

တောင်အာရှဒေသက ဟင်းခပ်အမွေးအကြိုင်ဖြစ်တယ်။ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ ဘင်္ဂလားဒက်ရှ်၊ အာဖကန်နဲ့ အာရတ် ဒေသအသံထွက် နည်းနည်းစွ ကွဲလွဲတယ်။ Indian garam masala အများဆုံးသုံးတဲ့ အိန္ဒိယမဆလာမှာ ဒါတွေပါတယ်။
Fennel (saunf)
Black and white peppercorns (kali/safed mirch)
Cloves (laung)
Cinnamon or cassia bark (darchini)
Mace (outer covering of nutmeg) (javitri)
Black and green cardamom pods (elaichi)
Cumin (jeera)
Coriander (dhania)

ဒေါက်တာတင့်ဆွေ
၂၆-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး