မောင်ထင်

ဦးထင်ဖတ် ခေါ် မောင်ထင် (၁၉၀၆-၂၀၀၆) ဟာ အလွန်ထင်ရှားတဲ့ စာရေးဆရာ ပညာရှင်တဦးဖြစ်တယ်။ ၁၉၄၇ က ရေးသားတဲ့ ငဘဝတ္ထုဟာ အကြော်ကြားဆုံးဖြစ်တယ်။ မောင်ထင်ရေးတဲ့စာတွေကို ငယ်ငယ်ကတည်းက ဖတ်ဖူးတယ်။ အကိုးအကားလိုချင်လို့ ရှာခိုင်းတာ (၅) အုပ်ရလာတယ်။

ကမ္ဘာ့စာပေအညွှန်း လေးအုပ်တွဲ (၁၉၈၁ မူရင်း)
စာပေရေးရာဆောင်းပါးများ(၂၀၀၄ ပြန်ထုတ်)
ဂန္ထဝင်မြောက် ပင်ကိုယ်ရေးဝတ္ထု (၁၉၉၁ ပြန်ထုတ်)
စာအုပ်နှင့်စာ (၂၀၀၆ ပြန်ထုတ်)
ဂန္ထဝင်သံခိပ် (၂၀၁၁ ပြန်ထုတ်)

ကမ္ဘာ့စာပေအညွှန်း လေးအုပ်တွဲကလွဲရင် ပြန်ထုတ်စာအုပ်တွေမှာ သတ်ပုံတွေကို ပြင်ထားတယ်။ ကမ္ဘာ့စာပေအညွှန်း အမှာစာမှာ -
အကျွမ်းတဝင်
အကျယ်တဝင့်
ယထာဘူတကျကျ
တစတစနှင့်လို့ရေးပါတယ်။

သည်လိုပုံနဲ့တော့ မြန်မာစာဟာ ယထာဘူတစ်ခေတ်ကို ဦးတည်နေပြီ။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး