သစ္စာတိုင် ဒွေးချိုး


သစ္စာတိုင် ဒွေးချိုး

ထုံးမတိမ်၊‎
ငုံး အိမ် ကျူ လ သို့၊‎
တူမျှစံနှိုင်း။‎

ထပ်တညီ၊‎
ကပ္ပဋ္ဌီတင်ထိုက်တဲ့၊‎
‎ယဉ်သိုက်ဝင် သည်မေနှင့်ရယ်၊‎
ငါးဆင့်သမိုင်း။ ။‎ (ဦးပုည)

လောကနယ်တွင် ကတိသစ္စာတည်းသောခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏။
ငုံးမင်း၏ မီးမလောင်သော တော၊
ဃဋိကာရ အိုးထိန်းသည်၏ မိုးမစိုစွပ်သော အိမ်၊
မျောက်မင်း၏ သစ္စာကြောင့် အဆစ်တင်တဲ့ ကျူရိုး၊
ယုံမင်း၏ သစ္စာကြောင့် ယုန်တံဆိတ် ခတ်နှိပ်ထင်ရှားသော လ၊
ဤလေးမျိုတို့မှာ ကမ္ဘာတည်းသ၍ တည်ရှိနေမည်ဖြစ်သော ကပ္ပဋ္ဌိတိ တရားများဖြစ်လေသည်။

ဦးကောဝိဒ (မြိတ်) ရေးသားတဲ့ တုနှိုင်းမမီစာအုပ်ထဲကဖြစ်ပါတယ်။ ပြန်ထုတ်စာအုပ်တွေမှာ ထပ်(တစ်)ညီ လုပ်ထားကြတယ်။ မလုပ်ကောင်းပါ။ လပေါ်ကအရုပ်ကို နှုတ်ခမ်းမွေးတပ်သလိုပဲ။

ကျူ လ ငုံး အိမ်
ထုံး မတိမ်၊
ဘုန်းရှိန် ကမ္ဘာတည်။ (ညောင်ကန်ဆရာတော်)

ဒေါင်းယာဉ်ပျံ ဘုံနဘေးမှာ စာရေးလို့ထားချင်တယ်

ကပ္ပဋ္ဌီငါးသွယ်မှာ
တပါးမယ်ဆူလှိုက်လို့
ပူခိုက်ကို သူသုန်မှုန်
အေးမှ ရိပ်လှုံ။
ဘဝတိုင်း သည်ပုံလို
နှောင်ကြိုးမယ် ကြောက်လွန်းလို့လေး။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး