မြတ် လျော် တော်

မေးပါရစေ ဆရာ သင့်တော်နဲ့သင့်လျော်နဲ့ဘယ်လိုကွာခြားပါသလဲ အပြောနဲ့အရေးကွာတာပါလားရှင်


သတ်ပုံစာအုပ်ပါ စကားလုံးများ

သင့်မြတ်

သင့်လျော်

တော်စပ်

တော်စွလျော်စွ

တော်တည့်

တော်မှန်

တော်ရိလျော်ရိ

တော်လည်းငလျင်

တော်လှန်ရေး

တော်သလင်းလ

လျော်ကန်

လျော်ညီစွာ

လျော်ကြေး


သင့်မြတ် နဲ့ သင့်လျော် သာ သတ်ပုံထဲမှာပါတယ်။ သင့်တော်လို့လည်း သုံးပါတယ်။ မြတ် လျော် တော် မတူပါ။


မြတ်က သင့်မြတ်၊ ထူးမြတ်။ အထူးပြုတဲ့သဘောဆောင်တယ်။ တချီးမွမ်းမှု၊ ဂုဏ်တင်မှု ပါတယ်။ ရက်မြတ်ကို ရွေးတယ်။ သတို့သားနဲ့ သတို့သမီးတို့ရွေးချယ်တာ သင့်မြတ်တယ်။


သင့်လျော် နဲ့ သင့်တော် မတူ။ လျော်က လျော်ကန်တာ။ အဝတ်အစား အနေတော်တာ၊ ရာသီဥတုနဲ့ လိုက်ဘက်တာ၊ လူနဲ့ လိုက်တာ။ 


သင့်တော်အသုံးက သင့်လျော်ထက် ပိုပြီးစနစ်ပါတယ်။ လူရွေး မှန်တာ။ အသုံးစကား မှန်တာ။ အနေတော်တာ။ အရွယ်အစား အဆင်ဒီဇိုင်းနဲ့ ဝတ်စားသူနဲ့ သင့်တာ။


ဒူးနေရာဒူး၊ တော်နေရာတော်အသုံးရှိတယ်။ ဘုရင်တွေခေတ်က နန်းတော်ထဲမှာ ဒူးထောက်ခစားရတဲ့သူနဲ့ တော်ဝင် မျိုးနွယ်တွေနေရတဲ့ နေရာဆိုပြီး ခွဲခြားသတ်မှတ် ထားပါသတဲ့။ ကိုယ်အဆင့်နဲ့ သင့်တော်တဲ့နေရာမှာ နေရမယ်ဆိုတဲ့ သတ်မှတ်ချက်ဖြစ်ပါတယ်။ 


ဆက်စဉ်းစားရင် ဒိထက်ကျယ်ပြန့်တာလေးတွေရှိဦးမယ်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ