စက္ကန့်နှစ်လုံးပေါက်

မြန်မာဘာသာပြန်ဆရာလုပ်နေတဲ့ကျောင်းမှာ ချင်းပြည်နယ်ကကျောင်းသားတချို့နဲ့စကားပြောဖြစ်တယ်။ သူတို့ မြို့ရွာတွေမှာ စာဘယ်လိုသင်ခဲ့ကြရသလဲ။


စားပွဲတခုမှာ

သူ့မြို့နယ်မှာ မြန်မာစာဆရာမက အသင်အပြအလွန်ကောင်းတယ်တဲ့။ ဆရာမက ယောသူတဲ့။ ဘောဂဗေဒ အသင်အပြ ကောင်းတဲ့ဆရာမ ကျောင်းပြောင်းသွားရလို့ အတော်နစ်နာသတဲ့။ အင်္ဂလိပ်စာအသင်ကောင်းတဲ့ဆရာ၊ ပထဝီ အသင်ကောင်းတဲ့ဆရာတွေ ပင်စင်ယူသွားကြတော့ ဆယ်တန်း ၄၄ ယောက်ဖြေတာ ၄ ယောက်ပဲအောင်တယ်တဲ့။


နောက်စားပွဲတခုမှာ

ဇော်ဇော်ကို ဂျော်ဂျော်လို့သင်တယ်တဲ့။ ကျေးဇူးကို ကျေးဂျူးလို့သင်တယ်တဲ့။ 

ဝစ္စနှစ်လုံးပေါက်ကို စက္ကန့်နှစ်လုံးပေါက်တဲ့။


ဘာလို့ မြန်မာပြည်ကကျောင်းတွေမှာ စာသင်ညံ့ရတာလဲဆိုတဲ့ သူတို့မေးခွန်းကို တမိနစ်ထက်တိုတဲ့အချိန်အတွင်းမှာ ဖြေလိုက်ပါတယ်။


တိုင်းရင်းသားတွေမပြောနဲ့ ဗမာတွေလည်း စကားပီအောင်မပြောကြဘူး။ စာရေးတာ သတ်ပုံမှန်အောင် မရေးကြဘူး။ အဲလိုပဲသင်လာခဲ့သူတွေက ဆရာဆရာမတွေဖြစ်နေကြတယ်။ 


ဆရာဆရာမတွေအထက်က ဆရာကြီးတွေကလည်း အမှားကို အမှန်ယူခိုင်းနေကြတယ်။ တချို့ပေါ့။ သူတို့က နိုင်ငံတော်လစာ အများကြီးရသူတွေ။ ဝစ္စနှစ်လုံးပေါက် ပါမောက္ခတွေပေါ့ကွာ။


ဒေါက်တာတင့်ဆွေ

၎-၁၀-၂၀၁၇

၎-၁၀-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး