တောင်ပြိုကမ်းပြို တောင်ပုံရာပုံ ဂဃဏန

ဘီဘီစီ အလင်္ကာပုလဲပန်းမှာ တင်ဆက်တဲ့နောက်ဆုံးဝေါဟာရတွေကတော့ -
၁။ တောင်ပြိုကမ်းပြို၊ 
၂။ ထောင်ပုံရာပုံ နဲ့ 
၃။ ဂဂနန ဖြစ်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ အင်နယ်လ်ဒီက တောင်ပြိုကမ်းပြိုနိုင်တယ်လို့ သုံးစွဲခဲ့တာ မှန်ပါတယ်။ ကြားထဲမှာ တချို့က တောင်ကမပြိုနိုင်ဘူးသဘောနဲ့ သောင်ပြိုကမ်းပြိုလို့ ရေးသားလာတာတွေ့တယ်။ မဟုတ်ပါ။ တောင်ပြိုကမ်းပြိုကသာ အမှန်ဖြစ်တယ်။

တောင်ပုံရာပုံစကား ဟိုအရင်ကတည်းက ရှိတယ်။ ရာနဲ့တွဲပြီး ထောင်လို့ထင်ကြေးနဲ့ ထောင်ပုံရာပုံလို့ ရေးလာတာ တွေ့တယ်။ မဟုတ်ပါ။ စပါးတောင်လိုပုံ သီချင်းရှိတယ်။ 

ဦးထွန်းတင့်နဲ့ မောင်သာနိုးတို့က ဂဂနန ကအမှန်လို့ပြောပါတယ်။ ၁၉၅၃ ခုနှစ်ထုတ် ဦးသာမြတ်သတ်ပုံကျမ်းမှာ ဂဃဏန ဖြစ်ပါတယ်။ ကျွန်တော်ကတသက်လုံး ဂဃနဏလို့ ရေးလာတာ။

၉-၉-၂၀၁၅ နေ့ မဇ္ဈိမသတင်းမှာ တောင်ပြိုကမ်းပြို အနိုင်မျိုး မဟုတ်သည့်တိုင် အစိုးရဖွဲ့နိုင်မည်ဟု NLD ဦးဝင်းထိန်ပြောလို့ ဖေါ်ပြထားတယ်။

ဂဂဏန = မူကွဲ။ ပါဠိလို ဂဏန မှ ဆင်းသက်လာသည်။

ဂငယ် နဲ့ ဃ ကြီး ခွဲသိပါ။ န ငယ်နဲ့ ဏ ကြီး ခွဲသိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး