Collateral Damage ရုပ်ရှင်

ရတနာကို ရတစ်နာလို့ရေးကြောင်းတင်ပြတော့ ကွန်မင့်ပေးပါတယ်။ သတ်ပုံပြင်အဖွဲ့နဲ့တော့ မဆိုင်ဘူးထင်တယ် သူရေးတဲ့အရေးအသားအရ သူကိုယ်တိုင် မြန်မာစာလုံးပေါင်းတွေကို မလေ့လာတာ စာလုံးအမှန်ကို မသိတာနေမှာပါ ဆရာ တဲ့။


ဟောလိဝုဒ်ကရိုက်တဲ့ Collateral Damage ရုပ်ရှင်ရှိတယ်။ တောင်အမေရိကမှာ မူးယစ်ဆေးဂိုဏ်းကြီးတွေ ရှိတယ်။ အမေရိကန် စီအိုင်အေနဲ့ ဒီအီးအေက နှိမ်နင်းရေးလုပ်တယ်။ စီအိုင်အေအေးဂျင်တယောက်က လူဆိုးဗိုလ်ကြီးအိမ်နားထိ ရောက်အောင်သွားပြီး လေဆာနဲ့ ထိုးပြတာကို ဂြိုဟ်တုကနေ ဒုံးပျံလက်နက်နဲ့ ပစ်တယ်။


ကံဆိုးချင်တော့ လူဆိုးကြီးရဲ့ သားသမီးတွေ သူတို့အဖေနား အချိန်ကိုက် ရောက်လာကြတော့ မိသားတစုလုံး သေကြပါရောလား။ အဲလိုဖြစ်တာကို ကိုလက်ထရယ် ဒင်းမေ့ခ်ျ လို့ ခေါ်တယ်။ ဘေးနားကဟာတွေပါ ထိခိုက် ပျက်စီးတာမျိုး။


သတ်ပုံပြင်အဖွဲ့ကြီးက တဝမ်းပူ ၈၀% လောက်ကို စသတ်ခိုင်းတယ်။ ကံဆိုးချင်တော့ ရတနာလည်း တစ်၊ တရားဓမ္မလည်း တစ်။ ၁၀၂% တစ်ကုန်ကြရော။


ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး