ငါဟာသူဌေး ငါပဂေးဟု

လှပဂေးလို့တွေဘူးတယ်ဆရာ။ လှဘဂေးကအမှန်ပါလားခင်ဗျာ။


လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌

မျိုးစုံကကြ၊ မာန်မာနနှင့်

ငါကရာဇာ၊ ငါဟာသူဌေး၊ ငါပဂေးဟု

ငါသွေးတက်ကြွ၊ လူ့ဗာလတို့

များလှဖြာဖြာ၊ အဝိဇ္ဇာနှင့် 

တဏှာဘီလူး၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော်၊ ဂုဏ်ကိုဖော်လျက်

မော်မော်မောက်မောက်၊ ငါတယောက်သာ

မိုးအောက်တလွှား၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ၊ သို့စဉ်စွဲလည်း

ဇာတ်ပွဲပြီးက၊ ပြည်ဖုံးချသော်

သုဘရာဇာ၊ မြေအောက်မှာပင်

ဘာသာလူမျိုး၊ ချိန်မထိုးပဲ

ပုပ်သိုးခန္ဓာ၊ မြှုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း။ (အရှင် ပညာဝံသ)


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး