ဖူးမြော်မာန်လျော့ ကန်တော့ပါ၏

ဆရာ သိချင်တာလေး တခု မေးပါရစေ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ဘုရားရှိခိုးထဲမှာ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့လား၊ မှန်းလျော့ (ရည်ရွယ်) လား သိချင်ပါတယ်ခင်ဗျ


သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးတို့ဖြင့် ပြစ်မှားမိသည်ရှိသော် ပျောက်ပစေခြင်း အကျိုးငှာ၊ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ တည်းဟူသော ရတနာမြတ်သုံးပါးတို့အား ရိုသေမြတ်နိုး၊ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅)၊ စာမျက်နှာ (၉၅)

ဖျာပုံတိုက်သစ်ဆရာတော်ရေးသားစီရင်တဲ့သုတေသနသရုပ်ပြအဘိဓာန်မှာ ပါတယ်။


မာန်တက်ခြင်း ၃ မျိုး

သေယျမာန် = ဂုဏ်၊ ဇာတ်၊ ပညာ၊ ဥစ္စာ၊ အဆင်း၊ သားချင်း၊ ခြွေရံ စသည်အားဖြင့် သူ့ထက်မြတ်ဟဟု မှတ်ထင်ခြင်း။

သဒိသမာန် = ထိုထိုဂုဏ်သိရ်ဥစ္စာ စသည်၌ သင်းတို့နှင့်ငါ အတူတူသာဟု မှတ်ထင်တတ်ကြခြင်း။

ဟိနမာန် = ငါက သင်းတို့အောက်ကလူ ဖြစ်သော်လဲ ဘာအရေးစိုက်ရမလဲဟု ထောင်လွှားမှုမျိုး။


မာန်တက်ခြင်း (၃) မျိုး၊ မာန်တက်ခြင်း (၉) ပါး၊ မာန်ယစ်ခြင်း (၃) ပါးတွေလည်းပါတယ်။ ကူးမရေးတော့ပါ။


မာန် (ဆို မေရွက်ဝါ) (ရေး ဂီတလုလင်မောင်ကိုကို) https://soundcloud.com/myomonwin/bcomrx9ohnl3


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ