Damp Proof Coronavirus ဥတုသုံးပါးခံသည်

တချိန်က မြန်မာပြည်မှာ မီးခြစ်ဗူးကြော်ငြာတခုက ဥတုသုံးပါးခံသည်။ နတ်သမီးတံဆိပ်။


၂၀၂၀ ခုနှစ်မှာ တကမ္ဘာလုံးအတွက် ကျန်းမာရေးသတိပေးစာကလည်း ဥတုသုံးပါးခံသည် ဖြစ်လာပါတယ်။ ကရိုနာဗိုင်းရပ်စ် ကူးစက် ရောဂါ။


၃၁-၁၂-၂၀၁၉ နေ့ကမှာ တရုပ်ပြည် ဝူဟန်မှာ ကရိုနာဗိုင်းရပ်စ် ကူးစက် ရောဂါစခဲ့ပါတယ်။ အဲဒီအချိန်မှာ ပိုးအမည် တရားဝင် မရသေးပါ။ ကျွန်တော်က ၄-၁-၂၀၂၀ နေ့မှာ ဝူဟန်နူမိုးနီးယားလို့ စတင်တင်ပြခဲ့ပါတယ်။

၃၀-၁-၂၀၂၀ နေ့မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရေးပေါ်ကျေညာတယ်။

၂-၂-၂၀၂၀ နေ့မှာ ရောဂါက တရုပ်ပြည်ကနေထွက်လာပြီး ဖိလစ်ပိုင်မှာ စတွေ့တယ်။ 

၇-၂-၂၀၂၀ နေ့မှာ ရောဂါအကြောင်း စပြီးတပ်လှန့်တဲ့ တရုပ်ဆရာဝန် ကွယ်လွန်တယ်။ 

၁၁-၂-၂၀၂၀ နေ့ကျမှာ ရောဂါအမည်ရတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက Covid-19 လို့အမည်ပေးတယ်။

၁၄-၂-၂၀၂၀ နေ့ ပြင်သစ်နိုင်ငံကစပြီး ဥရောပတခွင်လုံးကို ရောဂါရောက်တယ်။ 

၂၄-၂-၂၀၂၀ အီရန်။

၂၆-၂-၂၀၂၀ နေ့ ဘရာဇီးလ်နဲ့ တောင်အမေရိကတိုက်။

၂၉-၂-၂၀၂၀ ယူအက်စ်အေမှာ ပဌမဆုံးလူနာ သေဆုံးတယ်။

၂၄-၃-၂၀၂၀ နေ့ မြန်မာပြည်မှာ ပြည်ပကနေလာသူ ပဌမဆုံးလူနာ ၂ ယောက်တွေ့တယ်။


ကမ္ဘာ့မြောက်ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းတို့မှာ ရာသီဥတုက ပြောင်းပြန်။ ဒီဇင်္ဘာ၊ ဇန္နဝါရီလ ဆောင်းရာသီ ဖြစ်နေတဲ့ တရုပ်ပြည်မှာ ရောဂါစတင်ပါတယ်။ ၂၅-၁-၂၀၂၀ နေ့က နွေရာသီရှိတဲ့ သြစတေးလျမှာ စတယ်။


ကရိုနာဗိုင်းရပ်စ်ရောဂါဖြစ်စမှာ နေရောင်ရလို့ ပူလာရင် သက်သာသွားမယ်လို့ ပြောခဲ့ကြတာတွေ မှားတယ်။ မဟုတ်ပါဘူး ပြောတာ မရ၊ ခံငြင်းကြတယ်။ ကာကွယ်ဆေးလည်း လွန်ခဲ့တဲ့ ၄-၅ လကတည်းထိုးပေးနေပြီလို့ ခံငြင်းကြတယ်။ 


အခုဆိုရင် ၁၀ လ ကျော်လာပြီ။ တနှစ်လည်တော့မယ်။ မုတ်သုန်ရှိတဲ့ မြန်မာပြည်မှာ နွေ၊ မိုးနဲ့ ဆောင်း။ ဥရောပနဲ့ အမေရိကမှာ နွေဦး၊ နွေ၊ ဆောင်းဦးနဲ့ ဆောင်း လေးခုရှိတယ်။ ကရိုနာဗိုင်းရပ်စ်ရောဂါဟာ ဥတု သုံးပါး လေးပါး ခံတယ်။ 


မြန်မာလိုရေးသားကြတဲ့ လူမျိုးတွေ လေ့လာ ဆင်ခြင် စဉ်းစားဉာဏ် တိုးတက်ကြပါစေသတည်း။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး