ကျီးနှင့်ဖုတ်ဖုတ်

အဲလိုယူဆတာ မမှန်လို့ ထင်ပါတယ်။ ဆောရီး၊ ကန်တော့။


ဖုတ် = အစုလိုက်ပေါက်နေသော ကိုင်းမြက်။ 

ဖုတ်စု = အစုအအုံလိုက်ပေါက်နေသော မြက်ပက်၊ ချုံပင်။ 


တနည်း လူက တမင်တကာ လှအောင် ကောင်းအောင် ပြုပြင်ထားခြင်းမရှိ။ 


တနည်း ဖုတ်ကောင် ခေါ် မြေထဲမှာ ကျင်းလုပ်ထားပြီး ဝင်လာ ကျလာတဲ့ အကောင်သေးသေးလေးတွေကို စားတဲ့အကောင်။ 


တနည်း ကျီး ခေါ် ကျီးကန်းတွေဟာ လူကြောက်တယ်။ လူလာရင် ပျံပြေးထွက်ပြေးကြတယ်။ လူရှိတဲ့နေရာကို ရှောင်ကြတယ်။ ကျီးသာရှိတဲ့နေရာ လူမလာ။


အဲတာကြောင့် ကျီးနှင့်ဖုတ်ဖုတ်ဆိုတာ လူတွေ မလိုလား မနှစ်သက်တဲ့ နေရာ၊ စွန့်သွားပြီးဖြစ်တဲ့နေရာမျိုးကို တင်စားပြောဆိုတဲ့ စကားဖြစ်ပါမယ်။


ကျွန်တော်က မြန်မာစာဆရာ မဟုတ်ပါ။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်