မြန်မာစာ မင်္ဂလာတံတား
မြန်မာစာပေသမိုင်းကို ခေတ်ကြီး (၈) ခေတ်လို့ပိုင်းခြားနိုင်တယ်။
၁။ ပုဂံခေတ်
မြစေတီကျောက်စာခေါ် ကူပြောက်ကြီးဘုရားကျောက်စာ။ ပုဂံမြို့ မင်္ဂလာစေတီတော်အနီးမှာရှိတဲ့ သျှင်ဒိသာပါမောက္ခ ကျောက်စာ။
သိုကလေ။ ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်ဖျား စုံတောပြား၌၊ နံ့ရှားကြုလွင့် ခါတန်ပွင့်သည်၊ ရွှေနှင့်ယိုးမှား ပန်းစံကား။
အနန္တသူရိယ အမြက်ဖြေလင်္ကာ (ခေတ်ကာလကို အတည်ပြုရန်လိုသေး)
၂။ ပင်းယခေတ်
မြင်စိုင်းငါးစီးရှင် ကာချင်း
စတုရင်္ဂဇလအမတ်ကြီးရေးသားတဲ့ ရတု၊
၃။ အင်းဝခေတ်
ပျို့၊ လင်္ကာ၊ ရတု၊ ဧချင်း၊ မော်ကွန်း၊ မေတ္တာစာ၊ ဂါထာတွေသီကုံးဖွဲ့ဆိုခဲ့ကြတယ်။ တောင်တွင်းကြီးမြို့က ပေလေးပင် ရှင်လေးပါး၊ ရှင်ဥတ္တမကျော်၊ သျှင်မဟာသီလဝံသ၊ ရှင်အုန်းညို၊ ရှင်ခေမာ။
၎။ တောင်ငူခေတ် (ခရစ်နှစ် ၁၅၂၇ - ၁၅၉၆)
မြန်မာကဗျာ အတော်အခြေခိုင်ခံ့နေပြီ။ အလွန်ကြီးမားတဲ့ အခြေအနေထိ ရောက်လာတယ်။
လှော်ကားသုံးထောင်မှူး၊ ရှင်ထွေးနာသိန်၊ ပြည်နဝဒေးကြီး၊ ရဝေရှင်ထွေး၊ နတ်သျှင်နောင်၊ မင်းဇေယျရန္တမိတ်၊ ရှင်သံခိုတို့ ဖြစ်တယ်။ မြန်မာ ဂန္တဝင်ကဗျာများဖြစ်တယ်။
အင်းဝခေတ်မှာ ရဟန်းစာဆိုတွေပေါများပြီး တောင်ငူခေတ်မှာ လူပုဂ္ဂိုလ်စာဆိုတွေများတယ်။ နဝဒေး၊ နတ်သျှင်နောင်၊ ရဝေရှင်ထွေး။ မင်းဇေယျနန္ဒမိတ်၊ ဗညားဒလ၊ မဟာပညာကျော် စသည်။
၅။ ညောင်ရမ်းခေတ် (ခရစ်နှစ် ၁၅၉၇ - ၁၇၅၁)
ရှင်ကရဝိက၊ ဝန်ကြီးပဒေသရာဇာ၊ ဦးအောင်ကြီး၊ ဟံသာဝတီရောက် မင်းတို့ဖြစ်တယ်။ စကားပြေထွန်းကာလာပြီ။ တောင်ဖီလာဆရာတော်အပါအဝင် ကျော်ကြီးလေးဆူ။ ဦးကုလား မဟာရာဇဝင်ကြီး၊ ဝန်ကြီးပဒေသရာဇာ ပျို့၊ တျာချင်း၊ ပြဇာတ်၊ သီချင်းကြီး၊ သီချင်းခံ၊ နတ်သံ။
၆။ ကုန်းဘောင်ခေတ် (ခရစ် ၁၇၅၂ - ၁၈၈၅)
စိန္တကျော်သူဦးသြ၊ လက်ဝဲသုန္ဒရ၊ ရွှေတော်နန္ဒသူ၊ ဦးဖျော်၊ မိဘုရားကြီး ရှင်မင်း၊ အတွင်းဝန် ဦးညို၊ တွင်းသင်းတိုက်ဝန် မဟာစည်သူ၊ ဦးတိုး၊ ဦးယာ၊ မယ်ခွေ၊ ကြည့်ကန်ရှင်ကြီး၊ ၀က်မစွတ်န၀ဒေး၊ ဦးအောင်ဖြိုး၊ ဦးရောက်ကြီး၊ ဘိုးသူတော် ဦးမင်း၊ လူဦးမင်း၊ ဦးရွှန်း၊ ဦးကြင်ဥ၊ ဦးရွှေခြည်၊ လှိုင်ထိပ်ခေါင်တင်၊ စလေဦးပုည၊ ကင်းဝန်မင်းကြီး၊ မန်လည်ဆရာတော်၊ လယ်တီဆရာတော် စသော စာဆိုကျော်များထွန်းကားပေါ်ပေါက်ခဲ့တယ်။
အတုလဆရာတော်၊ ဧချင်းဆရာဦးဖျော်၊ စိန္တကျော်သူဦးသြ (ကဝိလက္ခဏသတ်ပုံ)၊ လက်ဝဲသုန္ဒရဦးမြစံ၊ ရွှေတောင်နန္ဒသူ၊ ရွှေတောင်နန္ဒမိတ်၊ ငစဥ့်ကူးမင်း၊ တွင်းသင်းတိုက်ဝန်မဟာစည်သူ။
တေးထပ်နဲ့ လေးဆစ် ပေါ်လာတယ်။ ဓမ္မသတ်ကျမ်းပေါ်လာတယ်။ ဝတ္ထု (ရတနာ့ကြေးမုံ) အရေးအသား ပေါ်လာတယ်။
ပြဇာတ်အရှည် အတိုတွေပေါ်လာတယ်။ ကုန်းဘောင်ခေတ်နောက်ပိုင်းမှာ နိုင်ငံခြားဆက်ဆံရေးတွေဖြစ်ထွန်းလာလို့ စာပေအရေးအသားမှာ ဝင်ရောက်လာတယ်။ မြဝတီဦးစက ယိုးဒယားသီချင်းတွေရေးတယ်။ ကင်းဝန်မင်းကြီး၊ စလေဦးပုည၊ ဦးကြင်ဥ၊ ဦးတိုး၊ ဝက်မစွပ်မြို့စား နဝဒေး၊ မင်းပူး၊ မောင်းထောင်၊ မုံရွေး၊ မန်လည်၊ ကျည်းကန်ရှင်ကြီး၊ လယ်တီဆရာတော်တွေပေါ်ထွန်းလာတယ်။ အနောက်နန်းမတော်မမြလေး၊ လှိုင်ထိပ်ခေါင်တင် စသည်။
၇။ ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရခါစခေတ်
သူရိယသတင်းစာထွက်လာတယ်။ ဇာတိမာန် ဇာတိသွေး အရေးအသားတွေထွန်းကားလာတယ်။ စာရိတ္တမြှင့်တင်ရေး အရေးအသားတွေရေးသားကြတယ်။ မြန်မာနိုင်ငံသုတေသနအသင်းကြီးဖြစ်လာတယ်။ မြန်မာနိုင်ငံ ပညာပြန့်ပွါးရေး အသင်းကြီး ဖြစ်လာတယ်။ ဂန္ထလောက စာစောင် ထုတ်တယ်။ သိပ္ပံမောင်ဝ၊ ဦးအေးမောင်၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ကုသ။ တော်စိန်ခို၊ ဦးဖေမောင်တင်၊ စတဲ့ စာရေးဆရာ ကဗျာဆရာတွေ မြန်မာပညာရှင်တွေပေါ်ထွက်လာတယ်။
နဝါးနီစာအုပ်အသင်းပေါ်ပေါက်လာတယ်။ ၁၃၀၆ နတ်တော်လဆန်း ၁ ရက်နေ့မှာ ပဌမဆုံး စာဆိုတော်နေ့ သတ်မှတ်တယ်။ ဘာသာပြန်စာအုပ်တွေစတင်ထုတ်ဝေတယ်။ ဂျိမ်းလှကျော်ရဲ့ မောင်ရင်မောင် မမယ်မဝတ္ထု၊ ချဉ်ပေါင်ရွက်သည်မောင်မှိုင်းဝတ္ထု၊ စပယ်ပင်ဝတ္ထု၊ လယ်တီပဏ္ဍိတဦးမောင်ကြီး ရာဇဝင်တော်ကြီး။ မဂ္ဂဇင်းတွေ ဂျာနယ်တွေ ထွက်တယ်။
နဂါးနီအသင်းကြီး ပျက်စီးပြီးနောက် ၁၉၄၇ မှာ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကြီး (စာပေဗိမာန်) တည်ထောင်တယ်။ စာပေဗိမာန်ဆုချီးမြှင့်တယ်။ လူထုသိပ္ပံကျမ်းတွေနဲ့ မြန်မာ့စွယ်စုံကျမ်းတွေပြုစုထုတ်ဝေတယ်။
၁၉၅၆ ခုနှစ်မှာ ဆဋ္ဌသံဂါယနာ တင်တော်မူခဲ့ကြတယ်။ ပါဠိ-မြန်မာစာအုပ်တွေရိုက်နှိပ်ထုတ်ဝေခဲ့တာမှာ မြန်မာစာသတ်ပုံတွေကို အမှန်ဆုံးရေးသားခဲ့တယ်။
၈။ စစ်အာဏာသိမ်းပြီးခေတ်
ပညာရေးကို အားမပေးတဲ့အပြင် ဖျက်ဆီးခဲ့တယ်။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို အသစ်ထုတ်ပြီ။ တ ကို တစ် လုပ်စေတာအပါအဝင် သတ်ပုံတွေကို ဖေါ်မြူလာချရေးနည်းလုပ်လာတယ်။ အမှားတွေ များတယ်။ နောက်ထပ် အာဏာသိမ်းတော့ အရင်က ရေးသားထားခဲ့တာတွေကို သတ်ပုံသစ်နေနဲ့ပြင်ပြီးမှသာ ထုတ်ခွင့်ပေးလို့ စာကောင်း စာဟောင်းတွေ ပျက်စီးကုန်တော့တယ်။
အာဏာမသိမ်းခင်က ဟံသာဝတီတိုက်ထုတ်စာအုပ်တွေဟာ ခေတ်ဟောင်းနဲ့ ခေတ်သစ်ကို ကူးဆက်ပေးတဲ့ တံတားနဲ့ အလားတူတယ်။ စစ်အစိုးရခန့် ဆင်ဆာအဖွဲ့ကြီးကနေ အဲဒီ မင်္ဂလာတံတားကြီးကို မိုင်းခွဲဖျက်ဆီးလိုက်ပြီ။ အမှန်သိသူ တရက်ထက်တရက် နည်းနည်းလာပါတော့တယ်။
ဒီစာကို နားလည်သဘောပေါက်သူ ၁၀% ထက်နည်းနိုင်တယ်။ ၁၀% လောက်က ရန်လုပ်ကြမယ်။ တချို့ကို ဘလော့ရလိမ့်မယ်။
ဒေါက်တာတင့်ဆွေ
၂-၁၀-၂၀၂၀
Comments
Post a Comment